ZawGyiျဖင့္ဖတ္ရန္

 

ကိုယ့္ခ်စ္သူ၊ ကိုယ့္ ဇနီးသည္ အေပၚ တန္ဖိုး ထားၿပီး ခ်စ္လာတဲ့ အမ်ိဳးသားေတြမွာ သာမန္အမ်ိဳးသားေတြနဲ႔မတူတဲ့ ထူးျခားတဲ့ စြမ္းရည္ေတြ ရွိတယ္လို႔ ေျပာရင္ လက္ခံၾကမလား မသိဘူး။ဒါဟာ ေယာက်ၤားေတြကို သူတို႔မိန္းမေတြအေပၚ ပိုခ်စ္လာေအာင္ ေျပာတဲ့စကားလို႔သာ ထင္မွတ္ၾကမယ္ ထင္တယ္။

က်မကေတာ့ အဲဒီလို မယူဆပါဘူး၊ ခ်စ္သူဇနီးသည္အေပၚကို ခ်စ္တဲ့အတြက္ အေလးအထားတတ္တဲ့ ခင္ပြန္းေယာက်ၤားေတြက အျခားသာမန္ေယာက်ၤားေတြနဲ႔ မတူတဲ့စြမ္းရည္ေတြ ပိုင္ဆိုင္ေနတယ္ ဆိုတာ တကယ္ပါပဲ။

အိမ္ျပန္ေနာက္က်မွာကို ဖုန္းဆက္ၿပီး အိမ္ က မိန္းမ ကို လွမ္းေျပာတတ္တဲ့ခင္ပြန္းေတြရဲ႕စိတ္ကို ေတြးၾကည့္ပါ။

ကိုယ့္ခင္ပြန္းသည္ကို အိမ္ျပန္ေနာက္က်တာကို စိတ္မပူတဲ့ဇနီးဆိုတာ ေလာကမွာ မရွိပါဘူး။

ေနာက္က်မယ္ဆိုရင္ ဖုန္းဆက္ၿပီး ေျပာတတ္တဲ့ သူက သူ႔ဇနီး စိတ္ပူေနမွာကို စိုးရိမ္လို႔ပါ၊

ဇနီး စိုးရိမ္မွာကို စိတ္ပူတဲ့အတြက္ အခ်ိန္မွန္အိမ္ျပန္ႏိုင္ေအာင္ သူတို႔ ႀကိဳးစားၾကပါတယ္။

အေၾကာင္းေၾကာင္းေၾကာင့္ လမ္းပိတ္ခဲ့ရင္ေတာင္မွ သူတို႔ရဲ႕အိမ္ျပန္ခ်ိန္ဟာ ညနက္သန္ေခါင္ထိေတာ့ ေရာက္မသြားတတ္ပါဘူး။

ဒါကို ေတြးၾကည့္ေတာ့ ဇနီးသည္ စိတ္ပူေနမွာကို စိုးရိမ္ တတ္တဲ့သူ႔ရဲ႕စိတ္ကို သူ႔ကို အခ်ိန္မွန္ေစခဲ့တယ္၊

သူတို႔ကိုယ္ သူတို႔ ထိန္းသိမ္းမိေစတာလို႔နားလည္လို႔ရပါတယ္။

ဇနီးသည္ကို ကူညီေပးခ်င္တဲ့စိတ္၊ စားေကာင္းေစခ်င္တဲ့ ေစတနာနဲ႔မီးဖိုေခ်ာင္ဝင္ေပးတတ္တဲ့ အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ဟင္းခ်က္လက္ရာ ေကာင္းၿပီး စားေကာင္းေသာက္ဖြယ္ေတြကို ခ်က္ျပဳတ္ႏိုင္ၾကတယ္ေလ။

ဇနီးသည္တစ္ေယာက္တည္း မီးဖိုေခ်ာင္ေရာ အိမ္သန႔္ရွင္းေရးပါ လုပ္ရတာကို မၾကည့္ရက္လို႔အိမ္အခန္းတြင္း သန႔္ရွင္းေရး လုပ္ေပးတတ္တဲ့ ခင္ပြန္းသည္ေတြဟာ

သန႔္ရွင္း သပ္ရပ္စြာ ေနထိုင္တတ္တဲ့ အေလ့အက်င့္ျဖစ္သြားၿပီး လုပ္ငန္းခြင္မွာလည္း သန႔္ရွင္းသပ္ရပ္စြာ ေနထိုင္တတ္တဲ့အမ်ိဳးသားေတြ ျဖစ္လာတာ ေတြ႕ရပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဇနီးနဲ႔သားသမီးေတြ ပူပင္စိုးရိမ္မွာ စိုးရိမ္တတ္တဲ့ ခင္ပြန္းေတြက အလုပ္နဲ႔ အိမ္က လြဲၿပီး အျခားတစ္ေနရာမွာ အခ်ိန္ျဖဳန္းေလ့မရွိပါဘူး။

ေပ်ာ္စရာရွိရင္လည္း မိသားစုနဲ႔အတူတူ မ ွ်ေဝေပ်ာ္႐ႊင္တာပါ။ အျပင္မွာေပ်ာ္ဖို႔ ဆိုတာကို သူတို႔ ေတြးရင္ေတာင္မွ အိမ္က မိန္းမနဲ႔ ကေလးေတြ စိတ္ပူေနလိမ့္မယ္၊

သိသြားရင္ သူတို႔စိတ္မေကာင္းျဖစ္လိမ့္မယ္ဆိုတဲ့ စိတ္နဲ႔…သူတို႔ရဲ႕အေပ်ာ္ဟာမိသားစုနဲ႔ အတူတူပဲျဖစ္ေလ့ရွိပါတယ္။

အဲဒီလို အလုပ္နဲ႔အိမ္မွာ ၿမဲတတ္တဲ့အမ်ိဳးသားေတြက မလိုလားအပ္တဲ့ ျပႆနာ ေတြ ကင္းေဝးတတ္ၾကတယ္၊

ကိုယ့္ဝင္ေငြအားလုံးဟာမိသားစု အတြက္ ျဖစ္လာတယ္။ မိသားစုနဲ႔ အတူတူ မ ွ်ေဝေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရး ျဖစ္လာတယ္။

ဇနီးသည္နဲ႔သားသမီးေတြရဲ႕ ယုံၾကည္မႈ အျပင္ ေလးစားၾကည္ညိဳမႈကို အျပည့္ရရွိေစတယ္။

တကယ္ေတာ့ သူတို႔အေနနဲ႔ မိသားစုဝင္ေတြရဲ႕ ေလးစားၾကည္ညိဳမႈကို လိုခ်င္လို႔လုပ္ၾကတာ မဟုတ္ပါဘူး၊

သူတို႔အေနနဲ႔ ဇနီးနဲ႔သားသမီးေတြ စိတ္ဆင္းရဲရမွာ စိုးလို႔သူ႔ကိုယ္သူ ထိန္းရင္းနဲ႔…တည္ေဆာက္ႏိုင္သြားၾကတာလို႔ က်မကေတာ့ယူဆမိပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ သူ ေက်ာင္းသားဘဝတုန္းက ေဆးလိပ္ေသာက္ပါတယ္။

အိမ္ေထာင္က်ေတာ့ သူ႔ ေဆးလိပ္နံ႔က က်မကို ရင္ၾကပ္ပါတယ္။ အနံ႔မခံႏိုင္လို႔ပါ၊

ဒါေပမဲ့ သူ႔ကို မေျပာရက္လို႔ ေအာင့္ၿပီး သည္းခံေနခဲ့ပါတယ္။ ဒါေပမဲ့လည္း သူ သိသြားခဲ့တာပါပဲ။

အဲဒါေၾကာင့္ေဆးလိပ္ျဖတ္ခဲ့တာ ၾကာၿပီ။ ေဆးလိပ္ျဖတ္လိုက္တဲ့အတြက္ က်မ သူ႔ကိုေ က်းဇူးတင္လို႔မဆုံးပါဘူး။

သူကေတာ့ ေျပာပါတယ္၊ ရင္ၾကပ္ေနတာကို မၾကည့္ရက္လို႔ ေဆးလိပ္ျဖတ္တာပါတဲ့၊

အဲလို ေဆးလိပ္ျဖတ္လိုက္တဲ့အတြက္ သူ က်န္းမာေရး ပိုေကာင္းလာခဲ့တယ္။ အေမာခံႏိုင္လာတယ္၊ လုပ္ငန္းခြင္မွာလည္း အခ်ိန္ျပည့္ အာ႐ုံစိုက္ႏိုင္လာခဲ့တယ္။

ေက်ာင္းသားဘဝတုန္းက အရက္ေသာက္ခဲ့ေပမဲ့ ဇနီးျဖစ္သူ အနံ႔ဆိုးရရင္ ေနမေကာင္းျဖစ္တတ္လို႔ မေသာက္ေတာ့တဲ့ အမ်ိဳးသားေတြလည္း ရွိတာ ေတြ႕ဖူးျမင္ဖူးပါတယ္။

ၿပီးေတာ့ သဝန္တိုတတ္တဲ့ ကိုယ့္ဇနီး စိတ္ဆင္းရဲမွာ စိုးလို႔ ဆိုၿပီး လုပ္ငန္းခြင္မွာ အျခားမိန္းကေလးေတြနဲ႔နည္းနည္းကပ္ကပ္ေနတာကို

ေရွာင္ရွားရင္း ပတ္ဝန္းက်င္မွာ တည္ၾကည္သိကၡာရွိတဲ့ ပုံရိပ္ကို တည္ေဆာက္ႏိုင္တဲ့ အမ်ိဳးသားေတြလည္း ရွိတယ္။

သူတို႔စိတ္ထဲမွာ သူတို႔ဇနီးစိတ္ဆင္းရဲမွာကို ပူပင္လို႔အေနအထိုင္ဆင္ျခင္ရာကေန ေကာင္းမြန္တဲ့ပုံရိပ္ကို တည္ေဆာက္ႏိုင္သြားၾကတယ္လို႔လည္း ဆိုႏိုင္ပါတယ္။

ဒီအခ်က္ေတြကိုေတြးမိေတာ့ ကိုယ့္ခ်စ္သူ၊ ကိုယ့္ဇနီးသည္အေပၚ ဂ႐ုစိုက္ၿပီး အေလးထားေပးတတ္တဲ့ အမ်ိဳးသားေတြဟာ

သူတို႔ရဲ႕ေကာင္းမြန္မႈေတြကိုလည္း တည္ေဆာက္ၿပီးသား ျဖစ္သြားတဲ့အတြက္ အျခားအမ်ိဳးသားေတြထက္ ပိုမိုသာလြန္တဲ့ တကိုယ္ေရ စြမ္းရည္ေတြ တက္လာတယ္ဆိုတာကို က်မ လက္ခံသြားႏိုင္ခဲ့တယ္။

ကိုယ့္ရဲ႕ဇနီး ခ်စ္သူအေပၚမွာ ထိခိုက္မွာစိုးလို႔ဂ႐ုစိုက္ေပးတတ္တဲ့အမ်ိဳးသားေတြဟာ သူတို႔ကိုယ္ သူတို႔လည္း ထိန္းထားၿပီးသား ျဖစ္သြားၾကသလို၊

ေကာင္းမြန္တဲ့ပုံရိပ္ေတြကိုလည္း တည္ေဆာက္ၿပီးသား ျဖစ္သြားၾကပါတယ္။

တစ္နည္းအားျဖင့္လည္း လုပ္ငန္းခြင္မွာေရာ မိသားစု ဘဝမွာပါေအးခ်မ္းေအာင္ျမင္တဲ့ ဘဝေတြကို ပိုင္ဆိုင္လာႏိုင္ၾကတယ္လို႔ ေျပာႏိုင္ပါတယ္။

ကိုယ့္ခ်စ္သူ ဇနီးသည္ကို အေလးထားဂ႐ုစိုက္တတ္တဲ့ အမ်ိဳးသားမ်ားအားလုံးကို ေလးစားပါတယ္။

မတူတဲ့အျမင္မ်ားရွိရင္လည္းေ ဆြးေႏြးေပးပါဦး။

ေက်းဇူးတင္ပါတယ္။

Credit:ေမၾသကၤန္ဟိန္(ျမစ္မခ)

 

Uniodeဖြင့်ဖတ်ရန်

 

ဇနီးသည်ကို ချစ်တတ်တဲ့ ခင်ပွန်းတွေမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိလာကြတယ်

ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးသည်အပေါ် တန်ဖိုးထားပြီး ချစ်လာတဲ့ အမျိုးသားတွေမှာ သာမန်အမျိုးသားတွေနဲ့မတူတဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ပြောရင် လက်ခံကြမလား မသိဘူး။

ဒါဟာ ယောင်္ကျားတွေကို သူတို့မိန်းမတွေအပေါ် ပိုချစ်လာအောင် ပြောတဲ့စကားလို့သာ ထင်မှတ်ကြမယ် ထင်တယ်။

ကျမကတော့ အဲဒီလို မယူဆပါဘူး၊ ချစ်သူဇနီးသည်အပေါ်ကို ချစ်တဲ့အတွက် အလေးအထားတတ်တဲ့ ခင်ပွန်းယောင်္ကျားတွေက အခြားသာမန်ယောင်္ကျားတွေနဲ့ မတူတဲ့စွမ်းရည်တွေ ပိုင်ဆိုင်နေတယ် ဆိုတာ တကယ်ပါပဲ။

အိမ်ပြန်နောက်ကျမှာကို ဖုန်းဆက်ပြီး အိမ်က မိန်းမကို လှမ်းပြောတတ်တဲ့ခင်ပွန်းတွေရဲ့စိတ်ကို တွေးကြည့်ပါ။

ကိုယ့်ခင်ပွန်းသည်ကို အိမ်ပြန်နောက်ကျတာကို စိတ်မပူတဲ့ဇနီးဆိုတာ လောကမှာ မရှိပါဘူး။

နောက်ကျမယ်ဆိုရင် ဖုန်းဆက်ပြီး ပြောတတ်တဲ့ သူက သူ့ဇနီး စိတ်ပူနေမှာကို စိုးရိမ်လို့ပါ၊

ဇနီးစိုးရိမ်မှာကို စိတ်ပူတဲ့အတွက် အချိန်မှန်အိမ်ပြန်နိုင်အောင် သူတို့ ကြိုးစားကြပါတယ်။

အကြောင်းကြောင်းကြောင့် လမ်းပိတ်ခဲ့ရင်တောင်မှ သူတို့ရဲ့အိမ်ပြန်ချိန်ဟာ ညနက်သန်ခေါင်ထိတော့ ရောက်မသွားတတ်ပါဘူး။

ဒါကို တွေးကြည့်တော့ ဇနီးသည် စိတ်ပူနေမှာကို စိုးရိမ်တတ်တဲ့သူ့ရဲ့စိတ်ကို သူ့ကို အချိန်မှန်စေခဲ့တယ်၊

သူတို့ကိုယ် သူတို့ ထိန်းသိမ်းမိစေတာလို့နားလည်လို့ရပါတယ်။

ဇနီးသည်ကို ကူညီပေးချင်တဲ့စိတ်၊ စားကောင်းစေချင်တဲ့ စေတနာနဲ့မီးဖိုချောင်ဝင်ပေးတတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ဟင်းချက်လက်ရာ ကောင်းပြီး စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်နိုင်ကြတယ်လေ။

ဇနီးသည်တစ်ယောက်တည်း မီးဖိုချောင်ရော အိမ်သန့်ရှင်းရေးပါ လုပ်ရတာကို မကြည့်ရက်လို့အိမ်အခန်းတွင်း သန့်ရှင်းရေး လုပ်ပေးတတ်တဲ့ ခင်ပွန်းသည်တွေဟာ

သန့်ရှင်း သပ်ရပ်စွာ နေထိုင်တတ်တဲ့ အလေ့အကျင့်ဖြစ်သွားပြီး လုပ်ငန်းခွင်မှာလည်း သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တဲ့အမျိုးသားတွေ ဖြစ်လာတာ တွေ့ရပါတယ်။

နောက်တစ်ချက်ကတော့ ဇနီးနဲ့သားသမီးတွေ ပူပင်စိုးရိမ်မှာ စိုးရိမ်တတ်တဲ့ ခင်ပွန်းတွေက အလုပ်နဲ့ အိမ်က လွဲပြီး အခြားတစ်နေရာမှာ အချိန်ဖြုန်းလေ့မရှိပါဘူး။

ပျော်စရာရှိရင်လည်း မိသားစုနဲ့အတူတူ မ ျှဝေပျော်ရွှင်တာပါ။ အပြင်မှာပျော်ဖို့ ဆိုတာကို သူတို့ တွေးရင်တောင်မှ အိမ်က မိန်းမနဲ့ ကလေးတွေ စိတ်ပူနေလိမ့်မယ်၊

သိသွားရင် သူတို့စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့…သူတို့ရဲ့အပျော်ဟာမိသားစုနဲ့ အတူတူပဲဖြစ်လေ့ရှိပါတယ်။

အဲဒီလို အလုပ်နဲ့အိမ်မှာ မြဲတတ်တဲ့အမျိုးသားတွေက မလိုလားအပ်တဲ့ ပြဿနာ တွေ ကင်းဝေးတတ်ကြတယ်၊

ကိုယ့်ဝင်ငွေအားလုံးဟာမိသားစု အတွက် ဖြစ်လာတယ်။ မိသားစုနဲ့ အတူတူ မ ျှဝေပျော်ရွှင်တဲ့အိမ်ထောင်ရေး ဖြစ်လာတယ်။

ဇနီးသည်နဲ့သားသမီးတွေရဲ့ ယုံကြည်မှု အပြင် လေးစားကြည်ညိုမှုကို အပြည့်ရရှိစေတယ်။

တကယ်တော့ သူတို့အနေနဲ့ မိသားစုဝင်တွေရဲ့ လေးစားကြည်ညိုမှုကို လိုချင်လို့လုပ်ကြတာ မဟုတ်ပါဘူး၊

သူတို့အနေနဲ့ ဇနီးနဲ့သားသမီးတွေ စိတ်ဆင်းရဲရမှာ စိုးလို့သူ့ကိုယ်သူ ထိန်းရင်းနဲ့…တည်ဆောက်နိုင်သွားကြတာလို့ ကျမကတော့ယူဆမိပါတယ်။

နောက်တစ်ချက်ကတော့ သူ ကျောင်းသားဘဝတုန်းက ဆေးလိပ်သောက်ပါတယ်။

အိမ်ထောင်ကျတော့ သူ့ ဆေးလိပ်နံ့က ကျမကို ရင်ကြပ်ပါတယ်။ အနံ့မခံနိုင်လို့ပါ၊

ဒါပေမဲ့ သူ့ကို မပြောရက်လို့ အောင့်ပြီး သည်းခံနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ သိသွားခဲ့တာပါပဲ။

အဲဒါကြောင့်ဆေးလိပ်ဖြတ်ခဲ့တာ ကြာပြီ။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကျမ သူ့ကိုေ ကျးဇူးတင်လို့မဆုံးပါဘူး။

သူကတော့ ပြောပါတယ်၊ ရင်ကြပ်နေတာကို မကြည့်ရက်လို့ ဆေးလိပ်ဖြတ်တာပါတဲ့၊

အဲလို ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် သူ ကျန်းမာရေး ပိုကောင်းလာခဲ့တယ်။ အမောခံနိုင်လာတယ်၊ လုပ်ငန်းခွင်မှာလည်း အချိန်ပြည့် အာရုံစိုက်နိုင်လာခဲ့တယ်။

ကျောင်းသားဘဝတုန်းက အရက်သောက်ခဲ့ပေမဲ့ ဇနီးဖြစ်သူ အနံ့ဆိုးရရင် နေမကောင်းဖြစ်တတ်လို့ မသောက်တော့တဲ့ အမျိုးသားတွေလည်း ရှိတာ တွေ့ဖူးမြင်ဖူးပါတယ်။

ပြီးတော့ သဝန်တိုတတ်တဲ့ ကိုယ့်ဇနီး စိတ်ဆင်းရဲမှာ စိုးလို့ ဆိုပြီး လုပ်ငန်းခွင်မှာ အခြားမိန်းကလေးတွေနဲ့နည်းနည်းကပ်ကပ်နေတာကို

ရှောင်ရှားရင်း ပတ်ဝန်းကျင်မှာ တည်ကြည်သိက္ခာရှိတဲ့ ပုံရိပ်ကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိတယ်။

သူတို့စိတ်ထဲမှာ သူတို့ဇနီးစိတ်ဆင်းရဲမှာကို ပူပင်လို့အနေအထိုင်ဆင်ခြင်ရာကနေ ကောင်းမွန်တဲ့ပုံရိပ်ကို တည်ဆောက်နိုင်သွားကြတယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒီအချက်တွေကိုတွေးမိတော့ ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးသည်အပေါ် ဂရုစိုက်ပြီး အလေးထားပေးတတ်တဲ့ အမျိုးသားတွေဟာ

သူတို့ရဲ့ကောင်းမွန်မှုတွေကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားတဲ့အတွက် အခြားအမျိုးသားတွေထက် ပိုမိုသာလွန်တဲ့ တကိုယ်ရေ စွမ်းရည်တွေ တက်လာတယ်ဆိုတာကို ကျမ လက်ခံသွားနိုင်ခဲ့တယ်။

ကိုယ့်ရဲ့ဇနီး ချစ်သူအပေါ်မှာ ထိခိုက်မှာစိုးလို့ဂရုစိုက်ပေးတတ်တဲ့အမျိုးသားတွေဟာ သူတို့ကိုယ် သူတို့လည်း ထိန်းထားပြီးသား ဖြစ်သွားကြသလို၊

ကောင်းမွန်တဲ့ပုံရိပ်တွေကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားကြပါတယ်။

တစ်နည်းအားဖြင့်လည်း လုပ်ငန်းခွင်မှာရော မိသားစု ဘဝမှာပါအေးချမ်းအောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်လာနိုင်ကြတယ်လို့ ပြောနိုင်ပါတယ်။

ကိုယ့်ချစ်သူ ဇနီးသည်ကို အလေးထားဂရုစိုက်တတ်တဲ့ အမျိုးသားများအားလုံးကို လေးစားပါတယ်။

မတူတဲ့အမြင်များရှိရင်လည်းေ ဆွးနွေးပေးပါဦး။

ကျေးဇူးတင်ပါတယ်။

Credit:မေသြင်္ကန်ဟိန်(မြစ်မခ)