Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ့္ကို ရည္းစား စကားလာေျပာၿပီး အေျဖျပန္မေတာင္းတဲ့ေကာင္ေလးေတြနဲ႔ ႀကဳံဖူးလား။ ကိုယ္ကေတာ့ ျငင္းခ်င္လည္းျငင္းဖို႔၊ လက္ခံခ်င္လည္း လက္ခံဖို႔ အဆင္သင့္ျပင္ထားၿပီးေတာ့မွ သူတို႔ဖက္က ဘာမွထပ္ၿပီး မဆက္သြယ္ေတာ့ ဘယ္လိုလုပ္ရမွန္းမသိဘူးေလ။ ေအာင့္သီးေအာင့္သက္ေတာ့ျဖစ္တာေပါ့။ သူတို႔ဖက္ကလည္း အဲဒီလို အေျဖမေတာင္းရတဲ့အေၾကာင္းရင္းေတြ ရွိပါလိမ့္မယ္။ ဘာေတြလဲဆိုတာ သိခ်င္ရင္ေတာ့ ဒီ အခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္ေနာ္။

(၁)။ ဆက္ဆံေရး ေျပာင္းလဲသြားမွာကိုေၾကာက္တာ

 

ကိုယ္က သူ႔ကိုခ်စ္တယ္လို႔ေတာ့ ေျပာလိုက္ပါရဲ႕။ဒါေပမယ့္ သူက ကိုယ့္ကို ျငင္းလိုက္တဲ့အခါ ႏွစ္ေယာက္ၾကားထဲက လက္ရွိဆက္ဆံေရးေလးေပ်ာက္ဆုံးသြားမွာ စိုးရိမ္ၿပီး အေျဖမေတာင္းတာကလည္း အခ်က္တစ္ခ်က္အျဖစ္ အက်ဳံးဝင္ပါတယ္။ ခဏေလးေတြ႕တဲ့ လူေတြအေနနဲ႔ ျပႆနာမရွိေပမယ့္ အခ်ိန္အၾကာႀကီး သူငယ္ခ်င္းေကာင္းေတြျဖစ္လာခဲ့တဲ့ လူေတြအတြက္ေတာ့ ဒီအေျခအေနမ်ိဳးကို ရင္ဆိုင္ရမွာပါ။ ဒီေတာ့ ေကာင္ေလးေတြက ႏွစ္ေယာက္ၾကားထဲက ဆက္ဆံေရးကို ေျပာင္းလဲသြားမွာေၾကာက္ရင္လည္း အေျဖေတာင္းဖို႔ စဥ္းစားတတ္ၾကပါတယ္။

 

(၂)။ သူ႔ဆီမွာ ကိုယ္မႀကိဳက္တဲ့အခ်က္ေတြရွိေနတာ

 

စေတြ႕ေတြ႕ခ်င္းမွာ သူ႔ကိုအရမ္းသေဘာက်ၿပီး ခ်စ္တယ္လို႔ ေျပာလိုက္မိပါရဲ႕။ ဒါေပမယ့္ တျဖည္းျဖည္း ေတြ႕တာေလးၾကာလာေတာ့ သူ႔ရဲ႕တခ်ိဳ႕အက်င့္ေတြကို သေဘာမက်ရာကေန အေျဖမေတာင္းေတာ့တာမ်ိဳးလည္းရွိတတ္ပါတယ္။ တျခားသူငယ္ခ်င္းေကာင္ေလးေတြနဲ႔ ခဏခဏေတြ႕တာ၊ ညဖက္ အျပင္ထြက္တတ္တာ၊ စတဲ့ တစ္ခုခုေပါ့။

(၃)။ ရင္မခုန္ေတာ့တာ

 

အျဖစ္အပ်က္ေလးတစ္ခုေၾကာင့္ လူတစ္ေယာက္ကို ခ်စ္မိသြားတယ္လို႔ ခံစားဖူးမွာပါ။ ဒါေပမယ့္ အဲဒါက ခဏတာ စိတ္လႈပ္ရွားတာလား၊ တကယ္ခ်စ္မိတာလားဆိုတာ မေသခ်ာဘူးေလ။ တကယ္လို႔သာ ခဏတာ စိတ္လႈပ္ရွားတယ္ဆိုရင္ အခ်ိန္တစ္ခုၾကာလာတာနဲ႔အမွ် သင္ သူ႔ကို မခ်စ္ဘူးဆိုတာ ခံစားလာႏိုင္ၿပီး သူ႔ကို ရင္ခုန္လို႔မရေတာ့တာ ျဖစ္ႏိုင္ပါတယ္။ အဲဒီအခါက်ရင္ သင္ သူ႔ကို ခ်စ္တယ္လို႔ေျပာထားမိၿပီဆိုတာေတာင္ အေျဖျပန္ေတာင္းခ်င္ေတာ့မွာမဟုတ္ပါဘူး။

(၄)။ ျပန္မခ်စ္ႏိုင္ဘူးလို႔ထင္ၿပီး အားငယ္ေနတာ

PAMMIELIKESTOTAKEPHOTOSတခ်ိဳ႕ေကာင္ေလးေတြက ခ်စ္တယ္လို႔ေတာ့ ေျပာထားပါရဲ႕။ ဒါေပမယ့္ သူက စေျပာကတည္းက သင္သူ႔ကိုျပန္ခ်စ္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ထားတာမ်ိဳးမဟုတ္ဘူး။ သူ သင့္ကိုခ်စ္တယ္ဆိုတဲ့အေၾကာင္း အသိေပး႐ုံေလာက္ပါပဲ။ သူ႔ရဲ႕စိတ္ထဲမွာကိုက သင္သူ႔ကိုျပန္ခ်စ္လိမ့္မယ္ဆိုတာ ယုံၾကည္မႈမရွိတာမို႔ သင့္ဆီက အေျဖေတာင္းဖို႔ကိုလည္း ေနာက္ဆုတ္လိုက္တာမ်ိဳး ျဖစ္ႏိုင္ပါလိမ့္မယ္။

 

(၅)။ ကိုယ္က သူနဲ႔မထိုက္တန္ဘူးလို႔ခံစားမိတာ

 

ကိုယ္က သူ႔ကို ခ်စ္တယ္ လို႔ ေျပာလိုက္ေပမယ့္ အျခားတစ္ဖက္မွာလည္း ကိုယ္က သူ႔ကိုခ်စ္သာခ်စ္ေနရတာ ကိုယ့္ဖက္က မျပည့္စုံတဲ့အေနအထားမ်ိဳး၊ ဒါမွမဟုတ္ ကိုယ္ခ်စ္တယ္လို႔ေျပာလိုက္တဲ့ေကာင္မေလးက အရမ္းလွေနၿပီး ကိုယ့္ကိုယ္ျပန္မႀကိဳက္ေလာက္ဖူးလို႔ ခံစားေနရတဲ့အေနအထားမ်ိဳးေတြခံစားရၿပီဆိုရင္ အေျဖေတာင္းဖို႔ကိုေဝေဝဝါးဝါး ျဖစ္သြားတတ္ၾကပါတယ္။ ဒါက သင့္ကိုတကယ္မခ်စ္လို႔မဟုတ္ပဲ သူ႔ဘာသာစိတ္အားငယ္ေနၿပီး အေျဖလာမေတာင္းရဲေတာ့တာ ဆိုတာကို နားလည္ထားသင့္ပါတယ္။

Credit : shwemom

 

Unicode ဖြင့်ဖတ်ရန်

ကောင်လေးတွေ ရည်းစားစကားပြောပြီး အဖြေပြန်မတောင်းချင်ရခြင်းရဲ့ အကြောင်းရင်း (၅) ချက်

 

ကိုယ့်ကို ရည်းစားစကားလာပြောပြီး အဖြေပြန်မတောင်းတဲ့ကောင်လေးတွေနဲ့ ကြုံဖူးလား။ ကိုယ်ကတော့ ငြင်းချင်လည်းငြင်းဖို့၊ လက်ခံချင်လည်း လက်ခံဖို့ အဆင်သင့်ပြင်ထားပြီးတော့မှ သူတို့ဖက်က ဘာမှထပ်ပြီး မဆက်သွယ်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူးလေ။ အောင့်သီးအောင့်သက်တော့ဖြစ်တာပေါ့။ သူတို့ဖက်ကလည်း အဲဒီလို အဖြေမတောင်းရတဲ့အကြောင်းရင်းတွေ ရှိပါလိမ့်မယ်။ ဘာတွေလဲဆိုတာ သိချင်ရင်တော့ ဒီ အချက်လေးတွေကို ဖတ်ကြည့်လိုက်နော်။

(၁)။ ဆက်ဆံရေးပြောင်းလဲသွားမှာကိုကြောက်တာ

 

ကိုယ်က သူ့ကိုချစ်တယ်လို့တော့ ပြောလိုက်ပါရဲ့။ဒါပေမယ့် သူက ကိုယ့်ကို ငြင်းလိုက်တဲ့အခါ နှစ်ယောက်ကြားထဲက လက်ရှိဆက်ဆံရေးလေးပျောက်ဆုံးသွားမှာ စိုးရိမ်ပြီး အဖြေမတောင်းတာကလည်း အချက်တစ်ချက်အဖြစ် အကျုံးဝင်ပါတယ်။ ခဏလေးတွေ့တဲ့ လူတွေအနေနဲ့ ပြဿနာမရှိပေမယ့် အချိန်အကြာကြီး သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့တဲ့ လူတွေအတွက်တော့ ဒီအခြေအနေမျိုးကို ရင်ဆိုင်ရမှာပါ။ ဒီတော့ ကောင်လေးတွေက နှစ်ယောက်ကြားထဲက ဆက်ဆံရေးကို ပြောင်းလဲသွားမှာကြောက်ရင်လည်း အဖြေတောင်းဖို့ စဉ်းစားတတ်ကြပါတယ်။

 

(၂)။ သူ့ဆီမှာ ကိုယ်မကြိုက်တဲ့အချက်တွေရှိနေတာ

 

စတွေ့တွေ့ချင်းမှာ သူ့ကိုအရမ်းသဘောကျပြီး ချစ်တယ်လို့ ပြောလိုက်မိပါရဲ့။ ဒါပေမယ့် တဖြည်းဖြည်း တွေ့တာလေးကြာလာတော့ သူ့ရဲ့တချို့အကျင့်တွေကို သဘောမကျရာကနေ အဖြေမတောင်းတော့တာမျိုးလည်းရှိတတ်ပါတယ်။ တခြားသူငယ်ချင်းကောင်လေးတွေနဲ့ ခဏခဏတွေ့တာ၊ ညဖက် အပြင်ထွက်တတ်တာ၊ စတဲ့ တစ်ခုခုပေါ့။

(၃)။ ရင်မခုန်တော့တာ

 

အဖြစ်အပျက်လေးတစ်ခုကြောင့် လူတစ်ယောက်ကို ချစ်မိသွားတယ်လို့ ခံစားဖူးမှာပါ။ ဒါပေမယ့် အဲဒါက ခဏတာ စိတ်လှုပ်ရှားတာလား၊ တကယ်ချစ်မိတာလားဆိုတာ မသေချာဘူးလေ။ တကယ်လို့သာ ခဏတာ စိတ်လှုပ်ရှားတယ်ဆိုရင် အချိန်တစ်ခုကြာလာတာနဲ့အမျှ သင် သူ့ကို မချစ်ဘူးဆိုတာ ခံစားလာနိုင်ပြီး သူ့ကို ရင်ခုန်လို့မရတော့တာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျရင် သင် သူ့ကို ချစ်တယ်လို့ပြောထားမိပြီဆိုတာတောင် အဖြေပြန်တောင်းချင်တော့မှာမဟုတ်ပါဘူး။

(၄)။ ပြန်မချစ်နိုင်ဘူးလို့ထင်ပြီး အားငယ်နေတာ

PAMMIELIKESTOTAKEPHOTOSတချို့ကောင်လေးတွေက ချစ်တယ်လို့တော့ ပြောထားပါရဲ့။ ဒါပေမယ့် သူက စပြောကတည်းက သင်သူ့ကိုပြန်ချစ်လိမ့်မယ်လို့ ယုံကြည်ချက်ထားတာမျိုးမဟုတ်ဘူး။ သူ သင့်ကိုချစ်တယ်ဆိုတဲ့အကြောင်း အသိပေးရုံလောက်ပါပဲ။ သူ့ရဲ့စိတ်ထဲမှာကိုက သင်သူ့ကိုပြန်ချစ်လိမ့်မယ်ဆိုတာ ယုံကြည်မှုမရှိတာမို့ သင့်ဆီက အဖြေတောင်းဖို့ကိုလည်း နောက်ဆုတ်လိုက်တာမျိုး ဖြစ်နိုင်ပါလိမ့်မယ်။

 

(၅)။ ကိုယ်က သူနဲ့မထိုက်တန်ဘူးလို့ခံစားမိတာ

 

ကိုယ်က သူ့ကိုချစ်တယ်လို့ ပြောလိုက်ပေမယ့် အခြားတစ်ဖက်မှာလည်း ကိုယ်က သူ့ကိုချစ်သာချစ်နေရတာ ကိုယ့်ဖက်က မပြည့်စုံတဲ့အနေအထားမျိုး၊ ဒါမှမဟုတ် ကိုယ်ချစ်တယ်လို့ပြောလိုက်တဲ့ကောင်မလေးက အရမ်းလှနေပြီး ကိုယ့်ကိုယ်ပြန်မကြိုက်လောက်ဖူးလို့ ခံစားနေရတဲ့အနေအထားမျိုးတွေခံစားရပြီဆိုရင် အဖြေတောင်းဖို့ကိုဝေဝေဝါးဝါး ဖြစ်သွားတတ်ကြပါတယ်။ ဒါက သင့်ကိုတကယ်မချစ်လို့မဟုတ်ပဲ သူ့ဘာသာစိတ်အားငယ်နေပြီး အဖြေလာမတောင်းရဲတော့တာ ဆိုတာကို နားလည်ထားသင့်ပါတယ်။

Credit : shwemom