Zawgyi ဖြင့်ဖတ်ရန်
(၁) အရပ်ရှည်တဲ့သူ
(၆) တွစ်တာအသုံးပြုသူ
Unicode ဖြင့်ဖတ်ရန်
လေ့လာဆန်းစစ်ချက်အရ ဘယ်လိုယောကျ်ားမျိုးက ဖောက်ပြန်နိုင်ချေပိုများသလဲ
ကနေဒါနိုင်ငံရဲ့Online Dating Service အေဂျင်စီတစ်ခုဖြစ်တဲ့ Ashley Madison ရဲ့ စစ်တမ်းကောက် ယူချက်၊ လေ့လာဆန်းစစ် ချက်တွေအရ ဘယ်လိုယောကျ်ားမျိုးက ဖော်ပြန်နိုင်ချေ ပိုများလဲ ဆိုတာကို ထုတ်ပြန်ထားပါတယ်။ ဒါဟာ လုံးဝ အကြွင်းမဲ့မှန်တယ်လို့ မဆိုနိုင်ပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကိုလည်း တကယ်မချစ်သလို ခံစားနေရတယ်၊ ဒီလိုအချက်တွေနဲ့လည်း ကိုက်ညီနေတယ် ဆိုရင်တော့ သေချာစောင့်ကြည့်ဖို့တော့ လိုပါတယ်လို့ အကြံပြုထားပါတယ်။ ကဲ… ဒီတော့ ဘယ်လိုယောကျ်ားမျိုးတွေက ဖောက်ပြန်နိုင်ချေ ပိုများလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
(၁) အရပ်ရှည်တဲ့သူ
ယောကျ်ားလေးအများစုက အရပ်ရှည်မှ ကြည့်ကောင်းတဲ့အတွက် မိန်းကလေးတွေရဲ့ စိတ်ကူး အိမ်မက် ထဲက ချစ်သူဆိုတာကလည်း အရပ်ရှည်ရှည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ချစ်သူကောင်လေး ကို ပိုင်ဆိုင်ရဖို့ပါပဲ။ ဒါပေမယ့် ဖော်ပြချက်အရတော့ အရပ် ၅ ပေ ၁၀ လက်မနဲ့ အရပ် ၆ ပေနီးပါး ရှိတဲ့ အမျိုးသားများဟာ တခြားသူတွေထက် ပိုမိုဖော်ပြန်နိုင်ချေ ပိုများတယ်လို့ ဆိုထားပါတယ်။ သူတို့ဟာ ဘဝမှာ နှစ်ကြိမ်လောက်တော့ ဖောက်ပြန်တတ်ကြတဲ့ သူတွေပါတဲ့။
(၂) ရော့ခ်ဂီတ ကြိုက်နှစ်သက်သူ
ရော့ခ်ဂီတကို အရူးအမူးကြိုက်နှစ်သက်သူတွေက သစ္စာဖောက်နိုင်ချေ ပိုများတယ်လို့ ဆိုထားပါတယ်။ ဖောက်ပြန်တဲ့ အမျိုးသား ၄၁ ရာခိုင်နှုန်းလောက်က ရော့ခ်ဂီတကို အရူးအမူး စွဲလန်းနှစ်ခြိုက်သူတွေ ဖြစ်ပြီး သူတို့ဟာ တခြားဂီတ ကြိုက်နှစ်သက်သူတွေထက် ကိုပိုပြီး ဖော်ပြန်ကြတယ်လို့ စစ်တမ်း ကောက်ယူချက် အရ သိရပါတယ်။
(၃) IT နည်းပညာပိုင်းကျွမ်းကျင်သူ
သင့်ချစ်သူက IT နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူ ဒါမှမဟုတ် စိတ်ဝင်တစား လေ့လာဆည်းပူး နေတဲ့ သူဆိုရင်တော့ သတိထား စောင့်ကြည့်သင့်တယ်လို့ Ashley Madison Survey ကနေ ထုတ်ပြန်ထား ပါတယ်။ IT သမားတွေက ချစ်သူအပေါ် သစ္စာမရှိကြတဲ့သူများတယ်လို့ ဆိုထားပါတယ်။
(၄) အသက် ၂၉ နှစ်၊ ၃၉ နှစ် စတဲ့ ၉ဆုံးတဲ့အရွယ်
အမျိုးသားအများစုဟာ အသက် ၂၉ ၊ ၃၉ စတဲ့ ကိုးဂဏန်း ဆုံးတဲ့ အသက်အရွယ်မျိုးမှာ ဖောက်ပြန်ချင် စိတ်တွေ ဖြစ်ပေါ်လာတတ် ပါတယ်တဲ့။ ဒါ့ကြောင့် ဒီလို ၉ ဂဏန်းဆုံးတဲ့ အသက်အရွယ် ရောက်နေတဲ့ အမျိုးသားကို အမြဲလေ့လာစောင့်ကြည့်ဖို့ သတိပေးထားပါတယ်။
(၅) ပြင်သစ်အမျိုးသားများ
ပြင်သစ်လူမျိုးအမျိုးသားများဟာ တခြားနိုင်ငံကအမျိုးသားများထက်ကိုပိုပြီး ဖော်ပြန်လိုစိတ်ရှိကြ တယ်လို့ စစ်တမ်းကောက်ယူချက်တွေအရ သိရပါတယ်။ ပြင်သစ် အမျိုးသား ၇၅ ရာခိုင်နှုန်း လောက်က သစ္စာမရှိကြဘဲ ဖောက်ပြန်တတ်ကြတယ်လို့ Ashley Madison အေဂျင်စီက ဆိုထားပါတယ်။
(၆) တွစ်တာအသုံးပြုသူ
ဆိုရှယ်မီဒီယာ ပလက်ဖောင်းများစွာထဲကမှ တွစ်တာကို အသုံးပြုတဲ့ အမျိုးသားများဟာလည်း ဖော်ပြန်တတ်ကြသူတွေပါတဲ့။ ဒါကတော့ University of Missouri ရဲ့ လေ့လာဆန်းစစ်ချက်အရ ထုတ်ပြန်ထားတာပါ။
(အထက်ဖော်ပြပါ အချက်များဟာ အကြွင်းမဲ့မှန်ကန်တယ်လို့ မဆိုလိုပါ။ Ashley Madison Online Dating Service Agency ရဲ့ စစ်တမ်းကောက်ယူချက်အရသာ ဖော်ပြထားခြင်း ဖြစ်ပါသည်)
Credit : ရွှေရောင် (ရွှေအင်းလေး)