Zawgyi ျဖင့္ဖတ္ရန္

အသက္ႀကီးတဲ့ ေယာက်္ားေလး ေတြနဲ႔ဆို မိန္းကေလးေတြဟာ မွီခိုအားထားစရာေကာင္းၿပီး လုံၿခဳံ တယ္လို႔ခံစားရလို႔ပါပဲ။ ဒီအခ်က္ေၾကာင့္ ထိုေယာက်္ားေတြဆီက ႐ုန္းမထြက္ခ်င္ဘူး။ အေကာင္းဆုံးေတြကိုသာ ေပးႏိုင္တယ္ဆိုတာ မိန္းကေလး ေတြသိေနလို႔ေပါ့။ သူတို႔ကတည္ၿငိမ္တယ္၊ ရင့္က်က္တယ္။ ေပးၿပီးသား ကတိ ကိုလည္း တည္ၿမဲေစတယ္။ အခုေခတ္လူငယ္ေကာင္ေလးေတြလို ေပါ့တီးေပါ့ပ်က္မႏိုင္ဘူး။ဒီေတာ့ပိုၿပီး သူတို႔ကိုမိန္းကေလးေတြ သေဘာက်ရတဲ့အေၾကာင္းရင္းေတြကေတာ့…

သူတို႔က မကစားတတ္ဘူး

 

ခုေခတ္မွာလို အ႐ူးလုပ္တာတို႔၊ စိတ္ကစားတာတို႔လို ကေလးဆန္တဲ့အလုပ္ေတြသူတို႔မလုပ္ေတာ့ဘူး။ အသက္႐ြယ္အရ တည္ၿငိမ္၊ ရင့္က်က္လာၿပီ။ သင့္ေတာ္မယ့္ မိန္းကေလးနဲ႔အတည္တက်လက္တြဲဖို႔သာ သူတို႔စဥ္းစားေတာ့တယ္။ ပ်င္းစရာေကာင္းတဲ့ လူႀကီးေတြျဖစ္ခ်င္ျဖစ္လိမ့္မယ္။ သည္းသည္းလႈပ္ခ်စ္ျပတတ္မွာ မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔အမူရာေတြေၾကာင့္ သင္စိတ္လႈပ္ရွားရဦးမွာပါ။

ဆြဲေဆာင္မႈတစ္မ်ိဳးရွိေနျခင္း

 

ေယာက်္ားေလးေတြ လွတာႀကိဳက္သလို၊ မိန္းကေလးေတြလည္း ေခ်ာေမာတဲ့ေယာက်္ားေလးဆို သေဘာက်ပါတယ္။ အရမ္းေခ်ာေမာတာထက္ မိန္းကေလးေတြကို ပိုၿပီးဆြဲေဆာင္ႏိုင္တာက တည္ၿငိမ္မႈပါပဲ။ အရမ္းဂနာမၿငိမ္ျဖစ္လြန္းတဲ့ ေယာက်္ားေလးေတြကို မိန္းကေလးေတြသေဘာမက်ဘူး။
ႀကိဳက္မိသြားရင္ေတာင္ ဘဝလက္တြဲေဖာ္အျဖစ္ သူတို႔ေ႐ြးခ်ယ္မွာမဟုတ္ပါဘူး။ မေခ်ာရင္ေတာင္ တည္ၿငိမ္တဲ့ေယာက်္ားတစ္ေယာက္ကိုပဲ မိန္းကေလးေတြႏွစ္သက္တယ္။

အေျမာ္အျမင္ရွိတယ္…

 

ဒီအေၾကာင္းျပခ်က္ပဲ မိန္းကေလးေတြသေဘာက်တာေပါ့။ တစ္ခုခုဆို ေရွ႕ကလမ္းျပႏိုင္တယ္။ ကူညီေပးႏိုင္တယ္၊ လဲက်သြားရင္ ျပန္ထဖို႔ ေဘးနားက အဆက္မျပတ္အားေပးေနတယ္။ သူတို႔က ကိုယ့္ထက္ အေတြ႕အႀကဳံေတြပိုမ်ားေတာ့ အႀကံဉာဏ္ေကာင္းေတြေပးႏိုင္ပါတယ္။

မိန္းကေလးေတြ ထည္လဲမတြဲဘူး

 

မိန္းကေလး ငယ္ငယ္လွလွေခ်ာေခ်ာေလးေတြကို လူတိုင္းသေဘာက်ေပမယ့္ သူတို႔ကေတာ့ အေပၚယံအလွတရားေတြထက္ စိတ္ဓာတ္၊ ကိုယ္က်င့္တရားကိုသာၾကည့္ပါတယ္။ သူတို႔နဲ႔ စိတ္သေဘာထား၊ စ႐ိုက္အေနထားတူညီရင္ ဒီမိန္းကေလးနဲ႔တင္ ျပည့္စုံပါၿပီ။ ငယ္ငယ္ကသာ ႐ူးမိုက္ၿပီး ရည္းစားေတြမ်ားရင္မ်ားခဲ့ဖူးမယ္။ အခုခ်ိန္မွာေတာ့ တကယ္သေဘာက်တဲ့မိန္းကေလးနဲ႔သာလွ်င္ တည္ၿငိမ္စြာ သူေနလိုေတာ့တယ္။

တာဝန္ယူႏိုင္စြမ္းရွိ

 

အသက္ႀကီးတဲ့ေယာက်္ားေတြဆို မိန္းကေလးေတြရဲ႕စိတ္ထဲမွာ အၿမဲတမ္း ၾသဇာ အာဏာေညာင္းတဲ့လူေတြအျဖစ္ စိုးမိုးထားပါတယ္။ ကိစၥတစ္ခုခုျဖစ္ရင္ ေရွာင္မေျပးသြားဘဲ တာဝန္ယူေျဖရွင္းတယ္။ သင့္ကို အၿမဲကာကြယ္ေပးဖို႔ အသင့္ရွိသူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း မိန္းကေလးေတြႏွလုံးသား အရည္ေပ်ာ္ရတာေပါ့။

ဘယ္ေတာ့မွ လမ္းမခြဲဘူး

 

အသက္ႀကီးတဲ့ ေယာက်္ားေတြဟာ အသက္ေမြးဝမ္းေၾကာင္း အလုပ္တစ္ခုမွာ အေျခတစ္က်ရွိၿပီး ေငြေရးေၾကးေရးကလည္း တည္ၿမဲလာၿပီ။ ဒီအခ်က္ကိုေတာ့ ဘယ္မိန္းကေလးက ျငင္းႏိုင္မွာလဲ ? တကယ္သေဘာက်လို႔ ေ႐ြးခ်ယ္ထားတဲ့မိန္းကေလးကို ဘယ္ေတာ့မွလည္းလမ္းခြဲဖို႔မစဥ္းစားဘူး။

credit : trend

 

Unicode ဖြင့်ဖတ်ရန်

ကလေးတွေက အသက်ကြီးတဲ့ယောကျ်ားတွေကိုပိုသဘောကျရတဲ့ အကြောင်းရင်း

အသက်ကြီးတဲ့ယောကျ်ားလေးတွေနဲ့ဆို မိန်းကလေးတွေဟာ မှီခိုအားထားစရာကောင်းပြီး လုံခြုံတယ်လို့ခံစားရလို့ပါပဲ။ ဒီအချက်ကြောင့် ထိုယောကျ်ားတွေဆီက ရုန်းမထွက်ချင်ဘူး။ အကောင်းဆုံးတွေကိုသာ ပေးနိုင်တယ်ဆိုတာ မိန်းကလေးတွေသိနေလို့ပေါ့။ သူတို့ကတည်ငြိမ်တယ်၊ ရင့်ကျက်တယ်။ ပေးပြီးသား ကတိကိုလည်း တည်မြဲစေတယ်။ အခုခေတ်လူငယ်ကောင်လေးတွေလို ပေါ့တီးပေါ့ပျက်မနိုင်ဘူး။ဒီတော့ပိုပြီး သူတို့ကိုမိန်းကလေးတွေ သဘောကျရတဲ့အကြောင်းရင်းတွေကတော့…

သူတို့က မကစားတတ်ဘူး

 

ခုခေတ်မှာလို အရူးလုပ်တာတို့၊ စိတ်ကစားတာတို့လို ကလေးဆန်တဲ့အလုပ်တွေသူတို့မလုပ်တော့ဘူး။ အသက်ရွယ်အရ တည်ငြိမ်၊ ရင့်ကျက်လာပြီ။ သင့်တော်မယ့် မိန်းကလေးနဲ့အတည်တကျလက်တွဲဖို့သာ သူတို့စဉ်းစားတော့တယ်။ ပျင်းစရာကောင်းတဲ့ လူကြီးတွေဖြစ်ချင်ဖြစ်လိမ့်မယ်။ သည်းသည်းလှုပ်ချစ်ပြတတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့အမူရာတွေကြောင့် သင်စိတ်လှုပ်ရှားရဦးမှာပါ။

ဆွဲဆောင်မှုတစ်မျိုးရှိနေခြင်း

 

ယောကျ်ားလေးတွေ လှတာကြိုက်သလို၊ မိန်းကလေးတွေလည်း ချောမောတဲ့ယောကျ်ားလေးဆို သဘောကျပါတယ်။ အရမ်းချောမောတာထက် မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်တာက တည်ငြိမ်မှုပါပဲ။ အရမ်းဂနာမငြိမ်ဖြစ်လွန်းတဲ့ ယောကျ်ားလေးတွေကို မိန်းကလေးတွေသဘောမကျဘူး။
ကြိုက်မိသွားရင်တောင် ဘဝလက်တွဲဖော်အဖြစ် သူတို့ရွေးချယ်မှာမဟုတ်ပါဘူး။ မချောရင်တောင် တည်ငြိမ်တဲ့ယောကျ်ားတစ်ယောက်ကိုပဲ မိန်းကလေးတွေနှစ်သက်တယ်။

အမြော်အမြင်ရှိတယ်…

 

ဒီအကြောင်းပြချက်ပဲ မိန်းကလေးတွေသဘောကျတာပေါ့။ တစ်ခုခုဆို ရှေ့ကလမ်းပြနိုင်တယ်။ ကူညီပေးနိုင်တယ်၊ လဲကျသွားရင် ပြန်ထဖို့ ဘေးနားက အဆက်မပြတ်အားပေးနေတယ်။ သူတို့က ကိုယ့်ထက် အတွေ့အကြုံတွေပိုများတော့ အကြံဉာဏ်ကောင်းတွေပေးနိုင်ပါတယ်။

မိန်းကလေးတွေ ထည်လဲမတွဲဘူး

 

မိန်းကလေး ငယ်ငယ်လှလှချောချောလေးတွေကို လူတိုင်းသဘောကျပေမယ့် သူတို့ကတော့ အပေါ်ယံအလှတရားတွေထက် စိတ်ဓာတ်၊ ကိုယ်ကျင့်တရားကိုသာကြည့်ပါတယ်။ သူတို့နဲ့ စိတ်သဘောထား၊ စရိုက်အနေထားတူညီရင် ဒီမိန်းကလေးနဲ့တင် ပြည့်စုံပါပြီ။ ငယ်ငယ်ကသာ ရူးမိုက်ပြီး ရည်းစားတွေများရင်များခဲ့ဖူးမယ်။ အခုချိန်မှာတော့ တကယ်သဘောကျတဲ့မိန်းကလေးနဲ့သာလျှင် တည်ငြိမ်စွာ သူနေလိုတော့တယ်။

တာဝန်ယူနိုင်စွမ်းရှိ

 

အသက်ကြီးတဲ့ယောကျ်ားတွေဆို မိန်းကလေးတွေရဲ့စိတ်ထဲမှာ အမြဲတမ်း သြဇာ အာဏာညောင်းတဲ့လူတွေအဖြစ် စိုးမိုးထားပါတယ်။ ကိစ္စတစ်ခုခုဖြစ်ရင် ရှောင်မပြေးသွားဘဲ တာဝန်ယူဖြေရှင်းတယ်။ သင့်ကို အမြဲကာကွယ်ပေးဖို့ အသင့်ရှိသူတစ်ယောက်ပါ။ ဒါကြောင့်လည်း မိန်းကလေးတွေနှလုံးသား အရည်ပျော်ရတာပေါ့။

ဘယ်တော့မှ လမ်းမခွဲဘူး

 

အသက်ကြီးတဲ့ ယောကျ်ားတွေဟာ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုမှာ အခြေတစ်ကျရှိပြီး ငွေရေးကြေးရေးကလည်း တည်မြဲလာပြီ။ ဒီအချက်ကိုတော့ ဘယ်မိန်းကလေးက ငြင်းနိုင်မှာလဲ ? တကယ်သဘောကျလို့ ရွေးချယ်ထားတဲ့မိန်းကလေးကို ဘယ်တော့မှလည်းလမ်းခွဲဖို့မစဉ်းစားဘူး။

credit : trend