Zawgyi ျဖင့္ဖတ္ရန္

 

တစ္ခ်ိဳ႕ေယာက္်ားေလးေတြဟာ မိန္းကေလး တစ္ေယာက္ကို ေခ်ာတာ၊ လွတာနဲ႔ မတိုင္းတာဘူး။ သူတို႔နဲ႔အဆင္ေျပမယ့္ ကိုယ္က်င့္တရားေတြရွိရဲ႕လားဆိုတာကိုပဲ ၾကည့္တယ္။ ေကာင္ေလး ကအရမ္းေခ်ာေနၿပီး တြဲတဲ့မိန္းကေလးက သာမန္ေလာက္ပဲၾကည့္ေကာင္းတာမ်ိဳးေတြ ေတြ႕ဖူးမွာေပါ့။ အခ်စ္မွာမ်က္စိမပါဘူးဆိုတာထက္ ကိုယ္နဲ႔သင့္ေတာ္မယ့္လူ အခ်ိန္မွန္၊ ေနရာမွန္ေရာက္ရွိလာျခင္းဟာ အေကာင္းဆုံးလို႔ပဲ ေျပာခ်င္ပါတယ္။ သူတို႔က မိန္းကေလး တစ္ေယာက္ကို ေခ်ာတာ၊ လွတာ ေဘးဖယ္ၿပီး ဘယ္လိုအရာေတြကိုသေဘာက်ၾကတာျဖစ္မလဲ. . . ?

အမွီခိုကင္းျခင္း

မိန္းမ တစ္ေယာက္ကို ကေလးထိန္း သလိုခ်စ္ရတာမ်ိဳး ဘယ္ေယာက်္ားမွ မႀကိဳက္ဘူး။ အရမ္းႀကီး အားမကိုးပါနဲ႔။ တတ္ႏိုင္သေလာက္ ကိုယ့္အားကိုယ္ကိုးၿပီး ရပ္တည္ေနတဲ့ မိန္းမ မ်ိဳးကိုပဲ သူတို႔သေဘာက်တယ္။ သိပ္မလိုအပ္ပဲနဲ႔ တစ္ခ်ိန္လုံး ရစ္တြယ္၊ လိုအပ္ေၾကာင္းမျပနဲ႔ ။ အေျခအေနနဲ႔အခ်ိန္ခါကို ၾကည့္ၿပီးလိုက္ေလ်ာညီေထြေနတတ္ဖို႔ေတာ့လိုပါမယ္။

႐ိုးသားျခင္း

ဆက္ဆံေရး တိုင္းမွာ ယုံၾကည္မႈကအဓိကပါ။ တစ္ခါလိမ္လိုက္ၿပီဆိုတာနဲ႔ သူ႔အေနနဲ႔ သင့္အေပၚဆက္တိုက္ စိတ္ခုလို႔ၿပီးမွာမဟုတ္ေတာ့ဘူး။ ေသးငယ္တဲ့လိမ္ဆင္ပဲျဖစ္ပါေစဦးေတာ့… နာက်င္မႈနည္းေပမယ့္ သင္တို႔ႏွစ္ေယာက္ၾကားယုံၾကည္မႈကိုေတာ့ အဖုထစ္ျဖစ္သြားေစတယ္။ ဒါေၾကာင့္ ႐ိုးသားတာကိုပဲသူတို႔သေဘာက်တယ္။ ႐ိုးသား ၊ ပြင့္လင္းျခင္းဟာ သူတို႔အတြက္ ဆြဲေဆာင္
မႈတစ္မ်ိဳးပဲ။ ေတာ္႐ုံတန္႐ုံကိစၥဆို သူ႔ကိုလွ်ိဳ႕ဝွက္မထားပါနဲ႔။ ေအးေဆးေျပာျပလိုက္ပါ။

ေထာက္ပံ့မႈ

ေယာက်္ားေတြဟာ သန္မာႀကံခိုင္မွျဖစ္မယ္လို႔ လူမႈအဖြဲ႕အစည္းတစ္ခုက လက္ခံထားေပမယ့္ သူတို႔အတြက္ စိတ္အပန္းေျဖရာေနရာေလးတစ္ခုေတာ့ ရွိသင့္တယ္မလား? ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ ႀကဳံေတြ႕တဲ့အခါ စိတ္ထြက္ေပါက္အေနနဲ႔ ႏွစ္သိမ့္အားေပးမယ့္ ခ်စ္သူမိန္းကေလးကို အလိုရွိၾကတယ္။ စိတ္ပါလက္ပါနားေထာင္ေပးၿပီး စကားေျပာေခ်ာေမြ႕ဖို႔ပဲလိုမယ္။ သူ႔ရဲ႕အေမတစ္ေယာက္လိုမ်ိဳးအားေပးႏွစ္သိမ့္ေပး႐ုံတင္မက ႀကိဳးကိုင္ျခယ္လွယ္တာမ်ိဳးေတာ့မလုပ္ပါနဲ႔။

စမတ္က်သူ
ေယာက်္ားေတြဟာ စကားေျပာရတာႀကိဳက္တယ္။ သူတို႔သေဘာက်တဲ့အေၾကာင္းရာတစ္ခုကို အျခားလူကိုျပန္လည္ေဝမွ်ေပးခ်င္တယ္။ စကားေျပာ႐ုံတင္မဟုတ္ဘူး.. သူနဲ႔အျပန္အလွန္ေဆြးေႏြးမယ့္လူမ်ိဳးကိုလိုလားတယ္။ အဓိပၸာယ္ျပည့္ဝၿပီး အေပးယူတည့္တဲ့ စကားအျပန္လွန္ေျပာတာမ်ိဳးျဖစ္ေနဖို႔လိုတယ္။ ဒါဟာ ခ်စ္သူနဲ႔မွမဟုတ္ဘူး။ သူငယ္ခ်င္း ၊ မိသားစုဝင္ေတြနဲ႔လည္းစကားေျပာရင္ဒီလိုပဲ။ ေျပာေနတဲ့အေၾကာင္းရာေတြကို အခ်က္က်က်နဲ႔ ကြင္းဆက္မျပတ္ေအာင္ ေျပာေပးႏိုင္သူမ်ိဳးေပါ့ ။

ဟာသဉာဏ္
ဒီလိုဉာဏ္ေလး မိန္းကေလးတစ္ေယာက္မွာပါလာရင္ အပိုဆုလို႔ပဲေျပာရမလား? ဟာသေတြေျပာတတ္တဲ့ မိန္းကေလးကို ဘယ္သူက သေဘာမက်ပဲေနမွာလဲ..သူမကိုျမင္တာနဲ႔ စိတ္ခ်မ္းသာရတယ္။ ျမင္တာနဲ႔ စေနာက္မယ္။ သင့္ကိုမေပ်ာ္ေပ်ာ္ေအာင္ သူမလုပ္ေပးတယ္။ ခ်စ္သူမိန္းကေလးဆိုတာထက္သူငယ္ခ်င္းလို ပြင့္ပြင့္လင္းလင္းေပါင္သင္းရတာမ်ိဳးက သူတို႔စိတ္ထဲပိုလြတ္လပ္ေစတယ္။

Credit : trend myanmar

 

Unicode ဖြင့်ဖတ်ရန်

ကြည့်ကောင်းဖို့ထက် ဒီလိုအရည်ချင်းတွေရှိတဲ့မိန်းကလေးတွေကို သူတို့လက်တွဲချင်ရတဲ့အကြောင်းရင်း

တစ်ချို့ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ချောတာ၊ လှတာနဲ့ မတိုင်းတာဘူး။ သူတို့နဲ့အဆင်ပြေမယ့် ကိုယ်ကျင့်တရားတွေရှိရဲ့လားဆိုတာကိုပဲ ကြည့်တယ်။ ကောင်လေးကအရမ်းချောနေပြီး တွဲတဲ့မိန်းကလေးက သာမန်လောက်ပဲကြည့်ကောင်းတာမျိုးတွေ တွေ့ဖူးမှာပေါ့။ အချစ်မှာမျက်စိမပါဘူးဆိုတာထက် ကိုယ်နဲ့သင့်တော်မယ့်လူ အချိန်မှန်၊ နေရာမှန်ရောက်ရှိလာခြင်းဟာ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။ သူတို့က မိန်းကလေးတစ်ယောက်ကို ချောတာ၊ လှတာ ဘေးဖယ်ပြီး ဘယ်လိုအရာတွေကိုသဘောကျကြတာဖြစ်မလဲ. . . ?

အမှီခိုကင်းခြင်း

မိန်းမတစ်ယောက်ကို ကလေးထိန်းသလိုချစ်ရတာမျိုး ဘယ်ယောကျ်ားမှ မကြိုက်ဘူး။ အရမ်းကြီး အားမကိုးပါနဲ့။ တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေတဲ့ မိန်းမမျိုးကိုပဲ သူတို့သဘောကျတယ်။ သိပ်မလိုအပ်ပဲနဲ့ တစ်ချိန်လုံး ရစ်တွယ်၊ လိုအပ်ကြောင်းမပြနဲ့ ။ အခြေအနေနဲ့အချိန်ခါကို ကြည့်ပြီးလိုက်လျောညီထွေနေတတ်ဖို့တော့လိုပါမယ်။

ရိုးသားခြင်း

ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုကအဓိကပါ။ တစ်ခါလိမ်လိုက်ပြီဆိုတာနဲ့ သူ့အနေနဲ့ သင့်အပေါ်ဆက်တိုက် စိတ်ခုလို့ပြီးမှာမဟုတ်တော့ဘူး။ သေးငယ်တဲ့လိမ်ဆင်ပဲဖြစ်ပါစေဦးတော့… နာကျင်မှုနည်းပေမယ့် သင်တို့နှစ်ယောက်ကြားယုံကြည်မှုကိုတော့ အဖုထစ်ဖြစ်သွားစေတယ်။ ဒါကြောင့် ရိုးသားတာကိုပဲသူတို့သဘောကျတယ်။ ရိုးသား ၊ ပွင့်လင်းခြင်းဟာ သူတို့အတွက် ဆွဲဆောင်
မှုတစ်မျိုးပဲ။ တော်ရုံတန်ရုံကိစ္စဆို သူ့ကိုလျှို့ဝှက်မထားပါနဲ့။ အေးဆေးပြောပြလိုက်ပါ။

ထောက်ပံ့မှု

ယောကျ်ားတွေဟာ သန်မာကြံခိုင်မှဖြစ်မယ်လို့ လူမှုအဖွဲ့အစည်းတစ်ခုက လက်ခံထားပေမယ့် သူတို့အတွက် စိတ်အပန်းဖြေရာနေရာလေးတစ်ခုတော့ ရှိသင့်တယ်မလား? ခက်ခဲတဲ့အချိန်တွေနဲ့ ကြုံတွေ့တဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ နှစ်သိမ့်အားပေးမယ့် ချစ်သူမိန်းကလေးကို အလိုရှိကြတယ်။ စိတ်ပါလက်ပါနားထောင်ပေးပြီး စကားပြောချောမွေ့ဖို့ပဲလိုမယ်။ သူ့ရဲ့အမေတစ်ယောက်လိုမျိုးအားပေးနှစ်သိမ့်ပေးရုံတင်မက ကြိုးကိုင်ခြယ်လှယ်တာမျိုးတော့မလုပ်ပါနဲ့။

စမတ်ကျသူ
ယောကျ်ားတွေဟာ စကားပြောရတာကြိုက်တယ်။ သူတို့သဘောကျတဲ့အကြောင်းရာတစ်ခုကို အခြားလူကိုပြန်လည်ဝေမျှပေးချင်တယ်။ စကားပြောရုံတင်မဟုတ်ဘူး.. သူနဲ့အပြန်အလှန်ဆွေးနွေးမယ့်လူမျိုးကိုလိုလားတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အပေးယူတည့်တဲ့ စကားအပြန်လှန်ပြောတာမျိုးဖြစ်နေဖို့လိုတယ်။ ဒါဟာ ချစ်သူနဲ့မှမဟုတ်ဘူး။ သူငယ်ချင်း ၊ မိသားစုဝင်တွေနဲ့လည်းစကားပြောရင်ဒီလိုပဲ။ ပြောနေတဲ့အကြောင်းရာတွေကို အချက်ကျကျနဲ့ ကွင်းဆက်မပြတ်အောင် ပြောပေးနိုင်သူမျိုးပေါ့ ။

ဟာသဉာဏ်
ဒီလိုဉာဏ်လေး မိန်းကလေးတစ်ယောက်မှာပါလာရင် အပိုဆုလို့ပဲပြောရမလား? ဟာသတွေပြောတတ်တဲ့ မိန်းကလေးကို ဘယ်သူက သဘောမကျပဲနေမှာလဲ..သူမကိုမြင်တာနဲ့ စိတ်ချမ်းသာရတယ်။ မြင်တာနဲ့ စနောက်မယ်။ သင့်ကိုမပျော်ပျော်အောင် သူမလုပ်ပေးတယ်။ ချစ်သူမိန်းကလေးဆိုတာထက်သူငယ်ချင်းလို ပွင့်ပွင့်လင်းလင်းပေါင်သင်းရတာမျိုးက သူတို့စိတ်ထဲပိုလွတ်လပ်စေတယ်။

Credit : trend myanmar