Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလး ေတြအေနနဲ႔ ကိုယ့္ခ်စ္သူေကာင္ေလးကို သဝန္တိုတာ မဆန္းပါဘူးေနာ္။ တစ္ခါတစ္ေလ သူတုိ႔က သူငယ္ခ်င္း ပဲ ၊ ဘာစိတ္မွမ႐ွိဘူးဆိုေပမယ့္ ကိုယ့္မွာလည္း ကိုယ္ခံစားခ်က္နဲ႔အူတိုေနတတ္တာ အခက္သား။ ဟိုစာေလးလိုေပါ့… ” ကိုယ့္ခ်စ္သူ ႐ုပ္ဆိုးမွန္းသိေပမယ့္
စိတ္မခ်တာ သဘာဝပဲေလ” 😛 ဆိုသလိုပဲ။ ခ်စ္မိရင္ေတာ့ စိုးရိမ္စိတ္ ေလးေတြ နည္းနည္းခိုေအာင္းေနတတ္ပါတယ္။

ေဘဘီရစ္တို႔ စိတ္မခ် မျဖစ္ရေလေအာင္္ အကိုတို႔ကလည္း အေနထုိင္ေလးေတြေတာ့ ဆင္ျခင္သင့္ပါတယ္ေလ။ ဒါဟာ ျဖစ္သင့္တဲ့ ကိစၥတစ္ခုပါ။ ကိုယ္ဟာ ရည္းစားထားျပီဆုိတာနဲ႔ Single လို လြတ္လြတ္လပ္လပ္ေနလို႔မရဘူးဆိုတာ သိတယ္ဟုတ္။ ေသြးသားမေတာ္စပ္တဲ့ သူစိမ္းႏွစ္ဦး ခ်စ္မိၾကတဲ့အခါ လိုက္နာရမယ့္အခ်က္ေလးေတြေတာ့ ႐ွိတာေပါ့။ ဒါကို ယံုၾကည္မႈ ၊ နားလည္မႈလို႔လည္းေခၚတယ္။

မိန္းကေလးေတြကလည္း ကိုယ့္ ခ်စ္သူ အျခား မိန္းကေလးေတြနဲ႔ ေဟးလားဝါးလား လုပ္ေနတာကို
သဝန္တိုျပခ်င္တယ္ဆိုရင္ မၾကိဳက္ရင္ မၾကိဳက္ေၾကာင္းပဲ တိုတုိတုတ္တုတ္ေျပာလိုက္ပါ။ အရမ္းၾကီးေတာ့ သြားမရစ္ပါနဲ႔။ သူတို႔လည္း မၾကိဳက္မွန္းသိရင္ေတာ့ ဆင္ျခင္မွာပါ။ သတိေပးထားရဲ႕သားနဲ႔ ထပ္လုပ္ရင္ေတာ့ ဒါ သူတို႔အျပစ္ျဖစ္သြားျပီေပါ့။ ဒီလိုပါပဲ.. တစ္ခါတစ္ေလသူတုိ႔က စိတ္ထဲ မထင္မွတ္ထားပဲ လုပ္လုိက္ေပမယ့္ ကိုယ္ေတြ မိန္းကေလးေတြအတြက္ေတာ့ စိတ္ထဲ ၾကိတ္မႏုိင္ခဲမရ ျဖစ္ရတာေပါ့။

အဲ့ေတာ့ မိန္းမသားေတြကလည္း စိတ္ထဲသိပ္အမွတ္မထားပဲ ေတာင္းပန္ေနရင္ ေၾကေအးေပး
လိုက္ပါ။ (ကိုယ္က သူ႔ကိုတကယ္ခ်စ္တယ္ဆိုရင္ေပါ့) ။ သင့္ကို တကယ္ခ်စ္တဲ့ ေယာက်္ားဆိုရင္
မၾကိဳက္ဘူးလို႔ ေျပာလိုက္တာနဲ႔ ဆင္ျခင္မွာပါ။ အဓိက,ကေတာ့ အရမ္းကေလးမဆန္ပါနဲ႔။ မရစ္ပါနဲ႔။ တျဖည္းျဖည္းနဲ႔အသက္ေတြၾကီးလာတာပါ။ ကုိယ့္ရဲ႕မရင့္က်က္မႈေတြေၾကာင့္ သူ႔ရဲ႕စိတ္အာ႐ံုေတြ ေထြျပားလာေစမယ္။ ထစ္ခနဲ႐ွိ စိတ္ဆိုး၊စိတ္ေကာက္ေတြရပ္ျပီး ထိုက္သင့္တဲ့ ယံုၾကည္မႈေလးေပးပါ။ ခ်စ္သူအေပၚ ယံုၾကည္မႈမ႐ွိရင္လည္း စိတ္ေအးရမွာမဟုတ္ပါဘူး။ ကိုယ့္ကြယ္ရာမွာေတာင္ စိတ္မခ်ရတဲ့ ခ်စ္သူမ်ဳိးကို တစ္သက္လံုး ပုိင္ဆုိင္ထားရလည္း ဘာလုပ္မွာလဲ ? စိတ္မခ်မ္းသာရတဲ့ ဘဝတစ္ခုကို ပူမွန္းသိရက္နဲ႔ မဖန္တီိးခ်င္ပါနဲ႔။

ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ကိုယ္မၾကိဳက္တာကို ခ်စ္သူ ကလုပ္လာရင္ မၾကိဳက္ရင္
မၾကိဳက္ေၾကာင္း ဒဲ့ေျပာလုိက္ပါ။ လိုရင္းကို သြယ္ဝုိက္မေနပါနဲ႔။ ျပီးရင္ ျဖစ္ျပီးသားကိစၥကို ျပန္အစ
ေဖာ္မေျပာပါနဲ႔။ကိုယ့္ခ်စ္သူအေပၚ အျပည့္အဝယံုၾကည့္ေနာ္… ❤

 

Credit : trend myanmar

 

Unicode ဖြင့်ဖတ်ရန်

မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူကောင်လေးကို သဝန်တိုတာ မဆန်းပါဘူးနော်။ တစ်ခါတစ်
လေ သူတို့က သူငယ်ချင်းပဲ ၊ ဘာစိတ်မှမရှိဘူးဆိုပေမယ့် ကိုယ့်မှာလည်း ကိုယ်ခံစားချက်နဲ့
အူတိုနေတတ်တာ အခက်သား။ ဟိုစာလေးလိုပေါ့… ” ကိုယ့်ချစ်သူ ရုပ်ဆိုးမှန်းသိပေမယ့်
စိတ်မချတာ သဘာဝပဲလေ” 😛 ဆိုသလိုပဲ။ ချစ်မိရင်တော့ စိုးရိမ်စိတ်လေးတွေ နည်းနည်း
ခိုအောင်းနေတတ်ပါတယ်။

ဘေဘီရစ်တို့ စိတ်မချ မဖြစ်ရလေအောင်် အကိုတို့ကလည်း အနေထိုင်လေးတွေတော့ ဆင်ခြင်သင့်ပါတယ်လေ။ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဟာ ရည်းစားထားပြီဆိုတာနဲ့ Single လို လွတ်လွတ်လပ်လပ်နေလို့မရဘူးဆိုတာ သိတယ်ဟုတ်။ သွေးသားမတော်စပ်တဲ့ သူစိမ်းနှစ်ဦး ချစ်မိကြတဲ့အခါ လိုက်နာရမယ့်အချက်လေးတွေတော့ ရှိတာပေါ့။ ဒါကို ယုံကြည်မှု ၊ နားလည်မှုလို့လည်းခေါ်တယ်။

မိန်းကလေးတွေကလည်း ကိုယ့်ချစ်သူ အခြားမိန်းကလေးတွေနဲ့ ဟေးလားဝါးလား လုပ်နေတာကို
သဝန်တိုပြချင်တယ်ဆိုရင် မကြိုက်ရင် မကြိုက်ကြောင်းပဲ တိုတိုတုတ်တုတ်ပြောလိုက်ပါ။ အရမ်းကြီးတော့ သွားမရစ်ပါနဲ့။ သူတို့လည်း မကြိုက်မှန်းသိရင်တော့ ဆင်ခြင်မှာပါ။ သတိပေးထားရဲ့သားနဲ့ ထပ်လုပ်ရင်တော့ ဒါ သူတို့အပြစ်ဖြစ်သွားပြီပေါ့။ ဒီလိုပါပဲ.. တစ်ခါတစ်လေသူတို့က စိတ်ထဲ မထင်မှတ်ထားပဲ လုပ်လိုက်ပေမယ့် ကိုယ်တွေ မိန်းကလေးတွေအတွက်တော့ စိတ်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်ရတာပေါ့။

အဲ့တော့ မိန်းမသားတွေကလည်း စိတ်ထဲသိပ်အမှတ်မထားပဲ တောင်းပန်နေရင် ကြေအေးပေး
လိုက်ပါ။ (ကိုယ်က သူ့ကိုတကယ်ချစ်တယ်ဆိုရင်ပေါ့) ။ သင့်ကို တကယ်ချစ်တဲ့ ယောကျ်ားဆိုရင်
မကြိုက်ဘူးလို့ ပြောလိုက်တာနဲ့ ဆင်ခြင်မှာပါ။ အဓိက,ကတော့ အရမ်းကလေးမဆန်ပါနဲ့။ မရစ်ပါနဲ့။ တဖြည်းဖြည်းနဲ့အသက်တွေကြီးလာတာပါ။ ကိုယ့်ရဲ့မရင့်ကျက်မှုတွေကြောင့် သူ့ရဲ့စိတ်အာရုံတွေ ထွေပြားလာစေမယ်။ ထစ်ခနဲရှိ စိတ်ဆိုး၊စိတ်ကောက်တွေရပ်ပြီး ထိုက်သင့်တဲ့ ယုံကြည်မှုလေးပေးပါ။ ချစ်သူအပေါ် ယုံကြည်မှုမရှိရင်လည်း စိတ်အေးရမှာမဟုတ်ပါဘူး။ ကိုယ့်ကွယ်ရာမှာတောင် စိတ်မချရတဲ့ ချစ်သူမျိုးကို တစ်သက်လုံး ပိုင်ဆိုင်ထားရလည်း ဘာလုပ်မှာလဲ ? စိတ်မချမ်းသာရတဲ့ ဘဝတစ်ခုကို ပူမှန်းသိရက်နဲ့ မဖန်တီိးချင်ပါနဲ့။

ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ်မကြိုက်တာကို ချစ်သူကလုပ်လာရင် မကြိုက်ရင်
မကြိုက်ကြောင်း ဒဲ့ပြောလိုက်ပါ။ လိုရင်းကို သွယ်ဝိုက်မနေပါနဲ့။ ပြီးရင် ဖြစ်ပြီးသားကိစ္စကို ပြန်အစ
ဖော်မပြောပါနဲ့။ကိုယ့်ချစ်သူအပေါ် အပြည့်အဝယုံကြည့်နော်…

Credit : trend myanmar