Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ဆိုတာ လူတစ္ေယာက္အဖို႔ အေရးႀကီးဆုံး အရာတစ္ခုျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ပင္ကိုယ္အရည္အခ်င္း ရွိရွိ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ မရွိတဲ့အခါ မတိုးတက္ႏိုင္သလို၊ ေအာင္ျမင္မႈနဲ႔လည္း ေဝးကြာေနမွာပါ။ တကယ္လို႔သင္ဟာ ခုေဖာ္ျပေပးတဲ့ အခ်က္ေတြနဲ႔ တိုက္ဆိုင္ေနတယ္ ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အရမ္းနည္းေနတာျဖစ္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္ မႈရွိလာေအာင္ ႀကိဳးစားသင့္ပါတယ္။

(၁) တစ္ေယာက္တည္း ဘာမွမလုပ္ရဲဘူး

 

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ နည္းလြန္းတဲ့သူေတြဟာ အေဖာ္ေတြ၊ အေပါင္းအသင္း ေတြနဲ႔မွ မဟုတ္ရင္ ဘယ္မွမသြားရဲ၊ မလာရဲၾကသလို ဘာမွလည္း မလုပ္ရဲမကိုင္ရဲၾကပါဘူး။ ကိုယ့္အတြက္ အက်ိဳးရွိတဲ့ အရာေတြကိုေတာင္ အေဖာ္မရွိရင္ မလုပ္တတ္ၾကပါဘူး။ ဒါေၾကာင့္ပဲ ေကာင္းမြန္တဲ့ အရာေတြကို သိသိႀကီးနဲ႔ လက္လႊတ္လိုက္ရေပါင္း မနည္းေတာ့ပါဘူး။

(၂) လူေရွ႕မထြက္ရဲဘူး

ဒီလိုလူေတြဟာ လူမ်ားတဲ့ ေနရာေတြ၊ လူေရွ႕ထြက္ရတဲ့ အလုပ္ေတြကို လုံးဝမလုပ္ခ်င္ၾကပါဘူး။ လူေရွ႕ေရာက္ၿပီဆိုရင္ အလြန္အမင္း ရွက္ေၾကာက္ၾကပါတယ္။ အထူးသျဖင့္ စင္ေပၚတက္ရတဲ့အခ်ိန္၊ လူေရွ႕သူေရွ႕ စကားေျပာရတဲ့ အခ်ိန္မ်ိဳးေတြမွာပါ။ ဒါေၾကာင့္ပဲ သူတို႔မွာ ဘယ္ေလာက္ပဲ အရည္အခ်င္းရွိရွိ၊ ထုတ္မျပရဲတာေၾကာင့္ မေအာင္ျမင္ႏိုင္တာျဖစ္ပါတယ္။

(၃) ေနရထိုင္ရ က်ဥ္းက်ပ္တယ္

 

ဒီလိုလူေတြဟာ လူမ်ားတဲ့ေနရာေတြ ဒါမွမဟုတ္ သူတို႔ခ်စ္တဲ့သူရဲ႕ ေရွ႕ကိုေရာက္ၿပီဆိုရင္ ေနရထိုင္ရ က်ဥ္းက်ပ္သလို၊ ေနာက္ေက်ာမလုံ ျဖစ္ေနတတ္ပါတယ္။ လူေတြမ်ားတဲ့ ေနရာကိုေရာက္ရင္ မျမင္ရတဲ့ ေခ်ာင္မွာ ေနရာယူတတ္ၾကပါတယ္။ အေၾကာင္းကေတာ့ လူအမ်ားရဲ႕အာ႐ုံစိုက္မႈဟာ သူတို႔အတြက္ ေနရထိုင္ရ က်ဥ္းက်ပ္လို႔ပါ။

(၄) စိတ္ဓာတ္ တက္လြယ္က်လြယ္တယ္

စိတ္ဓာတ္ တက္လြယ္က်လြယ္တာဟာလည္း ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။ ကိုယ္လုပ္လိုက္တဲ့ အရာတစ္ခုကို တစ္ေယာက္ေယာက္က ေကာင္းတယ္ေျပာတဲ့အခါ ခ်က္ခ်င္းစိတ္တက္ႂကြသြားၿပီး၊ ေနာက္တစ္ေယာက္က မေကာင္းဘူးေျပာတဲ့အခါ ခ်က္ခ်င္းစိတ္ဓာတ္ ျပန္က်သြားတဲ့သူေတြပါ။ ဒါေၾကာင့္ပဲ တစ္ခ်ိဳ႕အရာေတြကို ေအာင္ျမင္ခါနီးမွာ လက္လႊတ္ဆုံးရႈံးတတ္ပါတယ္။

(၅) စိတ္အားငယ္ေနတတ္တယ္

 

ဒီလိုလူေတြဟာ အၿမဲတမ္းလိုလို စိတ္အားငယ္တတ္ပါတယ္။ သူတို႔မွာရွိတဲ့ အားသာခ်က္ေတြထက္ အားနည္းခ်က္ေတြကို ပိုျမင္တတ္တဲ့သူေတြပါ။ ဒါေၾကာင့္အၿမဲတမ္းလိုလို စိတ္အားငယ္တတ္ၾကပါတယ္။ ဒါဟာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈမရွိတဲ့ လကၡဏာေတြထဲက တစ္ခုပါ။

ခုေဖာ္ျပတဲ့အရာေတြနဲ႔ သင္နဲ႔ကိုက္ညီေနၿပီဆိုရင္ေတာ့ သင့္ကိုသင္ယုံၾကည္မႈရွိလာေစမယ့္ စာအုပ္စာေပေတြ၊ စိတ္ဓာတ္ေရးရာ သင္ခန္းစာေတြနဲ႔ ကိုယ့္ကိုယ္ကို တည္ေဆာက္ဖို႔မေမ့ပါနဲ႔။ ဒါမွဘဝမွာ ေအာင္ျမင္ၿပီးစံနမူနာယူထိုက္တဲ့ သူတစ္ေယာက္ ျဖစ္လာမွာပါ။

Credit : Aunty may

 

Unicode ဖြင့်ဖတ်ရန်

 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလွန်းကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၅) မျိုး

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ လူတစ်ယောက်အဖို့ အရေးကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပင်ကိုယ်အရည်အချင်းရှိရှိ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အခါ မတိုးတက်နိုင်သလို၊ အောင်မြင်မှုနဲ့လည်း ဝေးကွာနေမှာပါ။ တကယ်လို့သင်ဟာ ခုဖော်ပြပေးတဲ့ အချက်တွေနဲ့ တိုက်ဆိုင်နေတယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းနည်းနေတာဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် ကြိုးစားသင့်ပါတယ်။

(၁) တစ်ယောက်တည်း ဘာမှမလုပ်ရဲဘူး

 

ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလွန်းတဲ့သူတွေဟာ အဖော်တွေ၊ အပေါင်းအသင်းတွေနဲ့မှ မဟုတ်ရင် ဘယ်မှမသွားရဲ၊ မလာရဲကြသလို ဘာမှလည်း မလုပ်ရဲမကိုင်ရဲကြပါဘူး။ ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတွေကိုတောင် အဖော်မရှိရင် မလုပ်တတ်ကြပါဘူး။ ဒါကြောင့်ပဲ ကောင်းမွန်တဲ့ အရာတွေကို သိသိကြီးနဲ့ လက်လွှတ်လိုက်ရပေါင်း မနည်းတော့ပါဘူး။

(၂) လူရှေ့မထွက်ရဲဘူး

ဒီလိုလူတွေဟာ လူများတဲ့ နေရာတွေ၊ လူရှေ့ထွက်ရတဲ့ အလုပ်တွေကို လုံးဝမလုပ်ချင်ကြပါဘူး။ လူရှေ့ရောက်ပြီဆိုရင် အလွန်အမင်း ရှက်ကြောက်ကြပါတယ်။ အထူးသဖြင့် စင်ပေါ်တက်ရတဲ့အချိန်၊ လူရှေ့သူရှေ့ စကားပြောရတဲ့ အချိန်မျိုးတွေမှာပါ။ ဒါကြောင့်ပဲ သူတို့မှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ထုတ်မပြရဲတာကြောင့် မအောင်မြင်နိုင်တာဖြစ်ပါတယ်။

(၃) နေရထိုင်ရ ကျဉ်းကျပ်တယ်

 

ဒီလိုလူတွေဟာ လူများတဲ့နေရာတွေ ဒါမှမဟုတ် သူတို့ချစ်တဲ့သူရဲ့ ရှေ့ကိုရောက်ပြီဆိုရင် နေရထိုင်ရ ကျဉ်းကျပ်သလို၊ နောက်ကျောမလုံ ဖြစ်နေတတ်ပါတယ်။ လူတွေများတဲ့ နေရာကိုရောက်ရင် မမြင်ရတဲ့ ချောင်မှာ နေရာယူတတ်ကြပါတယ်။ အကြောင်းကတော့ လူအများရဲ့အာရုံစိုက်မှုဟာ သူတို့အတွက် နေရထိုင်ရ ကျဉ်းကျပ်လို့ပါ။

(၄) စိတ်ဓာတ် တက်လွယ်ကျလွယ်တယ်

စိတ်ဓာတ် တက်လွယ်ကျလွယ်တာဟာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကို တစ်ယောက်ယောက်က ကောင်းတယ်ပြောတဲ့အခါ ချက်ချင်းစိတ်တက်ကြွသွားပြီး၊ နောက်တစ်ယောက်က မကောင်းဘူးပြောတဲ့အခါ ချက်ချင်းစိတ်ဓာတ် ပြန်ကျသွားတဲ့သူတွေပါ။ ဒါကြောင့်ပဲ တစ်ချို့အရာတွေကို အောင်မြင်ခါနီးမှာ လက်လွှတ်ဆုံးရှုံးတတ်ပါတယ်။

(၅) စိတ်အားငယ်နေတတ်တယ်

 

ဒီလိုလူတွေဟာ အမြဲတမ်းလိုလို စိတ်အားငယ်တတ်ပါတယ်။ သူတို့မှာရှိတဲ့ အားသာချက်တွေထက် အားနည်းချက်တွေကို ပိုမြင်တတ်တဲ့သူတွေပါ။ ဒါကြောင့်အမြဲတမ်းလိုလို စိတ်အားငယ်တတ်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။

ခုဖော်ပြတဲ့အရာတွေနဲ့ သင်နဲ့ကိုက်ညီနေပြီဆိုရင်တော့ သင့်ကိုသင်ယုံကြည်မှုရှိလာစေမယ့် စာအုပ်စာပေတွေ၊ စိတ်ဓာတ်ရေးရာ သင်ခန်းစာတွေနဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့မမေ့ပါနဲ့။ ဒါမှဘဝမှာ အောင်မြင်ပြီးစံနမူနာယူထိုက်တဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။

Credit : Aunty may