Zawgyi ျဖင့္ဖတ္ရန္

ဖူးစာ ဆိုတာ ဆန္းၾကယ္ပါတယ္။ တစ္ခါတေလ ဘယ္ေလာက္ရွာရွာ မေတြ႕တတ္သလို၊ တစ္ခါတေလ မရွာေပမယ့္လည္း ကိုယ့္ဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာတတ္ပါတယ္။ ကိုယ့္ရဲ႕ဖူးစာရွင္ က ဘယ္လိုလူမ်ိဳးျဖစ္မလဲဆိုတာ ႀကိဳသိခ်င္ေနတဲ့ ပ်ိဳေမေလးေတြအတြက္ လအလိုက္ ဘယ္လိုလူမ်ိဳးနဲ႔ ဖူးစာဆုံတတ္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) January

 

သင္ဟာ စိတ္ခံစားခ်က္ျပင္းထန္ၿပီး ရည္မွန္းခ်က္ႀကီးသူပီပီ သင့္ရဲ႕ဖူးစာရွင္ ဟာလည္း သင့္ရဲ႕ဦးေဆာင္မႈေနာက္ကို လိုက္ၿပီး သင့္ကိုအၿမဲတမ္း အားေပးကူညီတတ္တဲ့သူတစ္ေယာက္ ျဖစ္ပါလိမ့္မယ္။ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ သင့္အနားမွာရွိေနၿပီး သင့္ဖက္ကေနရပ္တည္ေပးတဲ့သူပါ။

(2) February
သင္ဟာ အရမ္းေပါက္ကြဲလြယ္သူတစ္ေယာက္ျဖစ္ၿပီး ကိစၥတိုင္းကို လိုက္ၿပီးခံစားတတ္တဲ့သူပါ။ ဒါေၾကာင့္ သင့္ ဖူးစာရွင္ ဟာ သင့္ရဲ႕ေပါက္ကြဲလြယ္တဲ့စ႐ိုက္ကို နားလည္သည္းခံေပးၿပီး စိတ္ရွည္တဲ့သူမ်ိဳးျဖစ္ပါတယ္။

(3) March

 

သင္ဟာ အရမ္းၾကင္နာသနားတတ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ သင္ခ်စ္တဲ့သူေတြအတြက္ဆိုရင္ ဘာမဆို ေပးဆပ္ဖို႔ ဝန္ေလးတတ္သူ မဟုတ္ပါဘူး။ ဒါေၾကာင့္ပဲ သင့္ ဖူးစာရွင္ ဟာလည္း သင့္လိုပဲ အရမ္းခ်စ္တတ္ၿပီး သင့္ကို ဂ႐ုစိုက္ၾကင္နာမယ့္သူတစ္ေယာက္ ျဖစ္ပါလိမ့္မယ္။

(4) April
သင္ဟာ သင့္ကိုယ္သင္ အထင္ႀကီး ၿပီး ဘဝင္ျမင့္တတ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ သင့္ရဲ႕ဖူးစာရွင္ဟာ သင္မလုပ္ခ်င္တဲ့အရာ၊ မျဖစ္ခ်င္တဲ့အရာကို ဇြတ္အတင္းဖိအားေပးမယ့္သူ မဟုတ္သလို၊ သင့္ကို လြတ္လပ္ခြင့္အျပည့္ေပးမယ့္သူမ်ိဳးပါ။

(5) May
သင္ဟာ ရည္မွန္းခ်က္ ႀကီးၿပီး ေအာင္ျမင္ခ်င္စိတ္ျပင္းထန္သူပါ။ သင့္ဘဝမွာ ရည္မွန္းခ်က္ပန္းတိုင္ေတြ အမ်ားႀကီးရွိသလို၊ သင့္ကိုထိန္းခ်ဳပ္တဲ့သူမ်ိဳးကိုလည္း မႀကိဳက္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕ဖူးစာရွင္ဟာ သင့္ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ရာမွာ အကူအညီေပးၿပီး ဘယ္ေတာ့မွ သင့္ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ပတ္သက္ၿပီး အတားအဆီးမေပးမယ့္ သူမ်ိဳးျဖစ္ပါတယ္။

READ
အခ်စ္ႀကီးတဲ့သူက အရႈံးမ်ားရတဲ့ အေၾကာင္းရင္း (၅) ခ်က္
(6) June
သင့္အတြက္ စကားေျပာေဖာ္ေကာင္းတစ္ေယာက္က အလိုအပ္ဆုံးျဖစ္ပါတယ္။ သင့္ရဲ႕ဖူးစာရွင္ဟာ သင့္စိတ္ထဲရွိသမွ်ကို ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးလို႔ရတဲ့ သူတစ္ေယာက္ျဖစ္ၿပီး ဘယ္အေၾကာင္းအရာကိုမဆို သင္နဲ႔ ေကာင္းမြန္စြာေျပာဆိုေဆြးေႏြးေပးႏိုင္တဲ့ သူတစ္ေယာက္ျဖစ္ပါလိမ့္မယ္။

(7) July

 

သင့္ဖူးစာရွင္ဟာ သင့္ကိုခ်စ္ၿပီးရင္ ဘယ္ေတာ့မွ ေနာက္ဆုတ္ေတာ့မယ့္ သူမ်ိဳးမဟုတ္ပါဘူး။ သင္ဟာ လူမႈဆက္ဆံေရး ေျပျပစ္ေကာင္းမြန္တဲ့သူျဖစ္တာေၾကာင့္ သင့္ကိုခ်စ္တဲ့သူမရွားပါဘူး။ ဒါေၾကာင့္မို႔ပဲ သင္ဟာျမာေပြတတ္သူတစ္ေယာက္ ျဖစ္ခဲ့ေကာင္းျဖစ္ခဲ့မယ္ ဒါေပမယ့္ သင့္ဖူးစာရွင္က သင့္ကိုခြင့္လႊတ္မယ့္သူမ်ိဳးပါ။

(8) August
သင္ဟာ ေမြးရာပါေခါင္းေဆာင္အရည္အခ်င္းရွိသူပါ။ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ရွိၿပီး လူအမ်ားကို သင့္ဖက္ပါေအာင္ အခ်ိန္တိုအတြင္း လုပ္ႏိုင္တဲ့သူပါ။ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ သင္ဟာလုပ္ရဲရင္ ခံရဲတဲ့သူပါ။ ဒါေၾကာင့္ သင့္ဖူးစာရွင္ဟာ သင့္ကို အစစအရာရာ လိုက္ေလ်ာေပမယ့္ မေကာင္းတဲ့အရာေတြဆိုရင္ တားျမစ္ပိတ္ပင္ေပးႏိုင္တဲ့ သူမ်ိဳးပါ။

(9) September

 

သင္ဟာ အာဏာရၿပီးျခယ္လွယ္ခ်င္တဲ့ ပင္ကိုယ္စိတ္ရွိသူတစ္ဦးပါ။ သင္ဟာ အရမ္းကို အဆင့္အတန္းျမင့္ခ်င္ၿပီး ေမွ်ာ္လင့္ခ်က္ေတြ အရမ္းမ်ားတဲ့သူတစ္ေယာက္ပါ။ ဒါေပမယ့္သင့္ရဲ႕ဖူးစာရွင္ကေတာ့ သင္ေမွ်ာ္လင့္ထားတာထက္ သာလြန္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

(10) October
သင္ဟာ ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ ကိုယ့္ကိုယ္ကို ေက်နပ္ဖို႔နဲ႔ လူေတြကို သိပ္အာ႐ုံမစိုက္ဖို႔ ကူညီေပးႏိုင္တဲ့ သူကို လိုအပ္ပါတယ္။ သင္ဟာ သူတစ္ပါးရဲ႕အျမင္၊ ေဝဖန္မႈေတြကို အရမ္းအာ႐ုံစိုက္တတ္သူပီပီ အၿမဲတမ္းကိုယ့္ကိုယ္ကို မေက်မနပ္၊ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးေနတတ္ပါတယ္။ သင့္ဖူးစာရွင္ဟာ သင့္ကိုသင္ယုံၾကည္မႈရွိေစၿပီး သင့္ရဲ႕ျဖစ္တည္မႈကို ခ်စ္တတ္ဖို႔ ကူညီေပးမယ့္ သူမ်ိဳးျဖစ္ပါတယ္။

(11) November
သင္ဟာ အရမ္းကိုရည္မွန္းခ်က္ႀကီးၿပီး စိတ္အားထက္သန္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ သင္ဟာဘယ္ေတာ့မွ အလုပ္နဲ႔လက္မျပတ္ေအာင္ လုပ္တတ္တဲ့သူျဖစ္ၿပီး သင့္ရဲ႕အစြမ္းအစေတြကို အက်ိဳးရွိရွိအသုံးခ်တတ္သူပါ။ သင့္ရဲ႕ဖူးစာရွင္ဟာ သင့္ကို စိတ္ေပ်ာ္႐ႊင္လန္းဆန္းေစမယ့္၊ အေမာေျပေစမယ့္ သူတစ္ေယာက္ပါ။ သင့္ကို မြန္းက်ပ္စရာေတြ၊ မ်ားျပားလြန္းတဲ့ အလုပ္ေတြဆီကေန ေခၚထုတ္ေပးႏိုင္တဲ့သူမ်ိဳးပါ။

(12) December

 

သင္ဟာ ႐ိုးသားၿပီး ယုံၾကည္လို႔ရတဲ့ သူတစ္ေယာက္ပါ။ သင့္ရဲ႕ဖူးစာရွင္ဟာလည္း သင့္ရဲ႕အက်င့္နဲ႔ထပ္တူ ေရာင္ျပန္ဟပ္ေစမယ့္သူပါ။ သူနဲ႔အတူရွိေနရရင္ သင္ဟာ အရမ္းသက္ေတာင့္သက္သာျဖစ္သလို ခံစားရၿပီး သင့္အေပၚကို အခ်စ္စစ္နဲ႔ခ်စ္တယ္ဆိုတာကို ခံစားေစမယ့္သူမ်ိဳးပါ။ သင့္ရဲ႕ဖူးစာရွင္ဟာ ယုံၾကည္ရတဲ့သူတစ္ေယာက္ျဖစ္သလို သင့္ကိုအၿမဲတမ္းအားေပးၿပီး သင့္အနားမွာအၿမဲရွိေနမယ့္ သူမ်ိဳးပါ။

 

Credit : Aunty may

 

Unicode ဖြင့်ဖတ်ရန်

ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံမှာလဲ (လအလိုက်)

ဖူးစာဆိုတာ ဆန်းကြယ်ပါတယ်။ တစ်ခါတလေ ဘယ်လောက်ရှာရှာ မတွေ့တတ်သလို၊ တစ်ခါတလေ မရှာပေမယ့်လည်း ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပါတယ်။ ကိုယ့်ရဲ့ဖူးစာရှင်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ကြိုသိချင်နေတဲ့ ပျိုမေလေးတွေအတွက် လအလိုက် ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံတတ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(1) January

 

သင်ဟာ စိတ်ခံစားချက်ပြင်းထန်ပြီး ရည်မှန်းချက်ကြီးသူပီပီ သင့်ရဲ့ဖူးစာရှင်ဟာလည်း သင့်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပြီး သင့်ကိုအမြဲတမ်း အားပေးကူညီတတ်တဲ့သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်အနားမှာရှိနေပြီး သင့်ဖက်ကနေရပ်တည်ပေးတဲ့သူပါ။

(2) February
သင်ဟာ အရမ်းပေါက်ကွဲလွယ်သူတစ်ယောက်ဖြစ်ပြီး ကိစ္စတိုင်းကို လိုက်ပြီးခံစားတတ်တဲ့သူပါ။ ဒါကြောင့် သင့်ဖူးစာရှင်ဟာ သင့်ရဲ့ပေါက်ကွဲလွယ်တဲ့စရိုက်ကို နားလည်သည်းခံပေးပြီး စိတ်ရှည်တဲ့သူမျိုးဖြစ်ပါတယ်။

(3) March

 

သင်ဟာ အရမ်းကြင်နာသနားတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သင်ချစ်တဲ့သူတွေအတွက်ဆိုရင် ဘာမဆို ပေးဆပ်ဖို့ ဝန်လေးတတ်သူ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ သင့်ဖူးစာရှင်ဟာလည်း သင့်လိုပဲ အရမ်းချစ်တတ်ပြီး သင့်ကို ဂရုစိုက်ကြင်နာမယ့်သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။

(4) April
သင်ဟာ သင့်ကိုယ်သင် အထင်ကြီးပြီး ဘဝင်မြင့်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့ဖူးစာရှင်ဟာ သင်မလုပ်ချင်တဲ့အရာ၊ မဖြစ်ချင်တဲ့အရာကို ဇွတ်အတင်းဖိအားပေးမယ့်သူ မဟုတ်သလို၊ သင့်ကို လွတ်လပ်ခွင့်အပြည့်ပေးမယ့်သူမျိုးပါ။

(5) May
သင်ဟာ ရည်မှန်းချက်ကြီးပြီး အောင်မြင်ချင်စိတ်ပြင်းထန်သူပါ။ သင့်ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တွေ အများကြီးရှိသလို၊ သင့်ကိုထိန်းချုပ်တဲ့သူမျိုးကိုလည်း မကြိုက်ပါဘူး။ ဒါကြောင့် သင့်ရဲ့ဖူးစာရှင်ဟာ သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အကူအညီပေးပြီး ဘယ်တော့မှ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အတားအဆီးမပေးမယ့် သူမျိုးဖြစ်ပါတယ်။

(6) June
သင့်အတွက် စကားပြောဖော်ကောင်းတစ်ယောက်က အလိုအပ်ဆုံးဖြစ်ပါတယ်။ သင့်ရဲ့ဖူးစာရှင်ဟာ သင့်စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလို့ရတဲ့ သူတစ်ယောက်ဖြစ်ပြီး ဘယ်အကြောင်းအရာကိုမဆို သင်နဲ့ ကောင်းမွန်စွာပြောဆိုဆွေးနွေးပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။

(7) July

 

သင့်ဖူးစာရှင်ဟာ သင့်ကိုချစ်ပြီးရင် ဘယ်တော့မှ နောက်ဆုတ်တော့မယ့် သူမျိုးမဟုတ်ပါဘူး။ သင်ဟာ လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်တဲ့သူဖြစ်တာကြောင့် သင့်ကိုချစ်တဲ့သူမရှားပါဘူး။ ဒါကြောင့်မို့ပဲ သင်ဟာမြာပွေတတ်သူတစ်ယောက် ဖြစ်ခဲ့ကောင်းဖြစ်ခဲ့မယ် ဒါပေမယ့် သင့်ဖူးစာရှင်က သင့်ကိုခွင့်လွှတ်မယ့်သူမျိုးပါ။

(8) August
သင်ဟာ မွေးရာပါခေါင်းဆောင်အရည်အချင်းရှိသူပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီး လူအများကို သင့်ဖက်ပါအောင် အချိန်တိုအတွင်း လုပ်နိုင်တဲ့သူပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သင်ဟာလုပ်ရဲရင် ခံရဲတဲ့သူပါ။ ဒါကြောင့် သင့်ဖူးစာရှင်ဟာ သင့်ကို အစစအရာရာ လိုက်လျောပေမယ့် မကောင်းတဲ့အရာတွေဆိုရင် တားမြစ်ပိတ်ပင်ပေးနိုင်တဲ့ သူမျိုးပါ။

(9) September

 

သင်ဟာ အာဏာရပြီးခြယ်လှယ်ချင်တဲ့ ပင်ကိုယ်စိတ်ရှိသူတစ်ဦးပါ။ သင်ဟာ အရမ်းကို အဆင့်အတန်းမြင့်ချင်ပြီး မျှော်လင့်ချက်တွေ အရမ်းများတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့်သင့်ရဲ့ဖူးစာရှင်ကတော့ သင်မျှော်လင့်ထားတာထက် သာလွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။

(10) October
သင်ဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်ဖို့နဲ့ လူတွေကို သိပ်အာရုံမစိုက်ဖို့ ကူညီပေးနိုင်တဲ့ သူကို လိုအပ်ပါတယ်။ သင်ဟာ သူတစ်ပါးရဲ့အမြင်၊ ဝေဖန်မှုတွေကို အရမ်းအာရုံစိုက်တတ်သူပီပီ အမြဲတမ်းကိုယ့်ကိုယ်ကို မကျေမနပ်၊ ယုံကြည်မှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ သင့်ဖူးစာရှင်ဟာ သင့်ကိုသင်ယုံကြည်မှုရှိစေပြီး သင့်ရဲ့ဖြစ်တည်မှုကို ချစ်တတ်ဖို့ ကူညီပေးမယ့် သူမျိုးဖြစ်ပါတယ်။

(11) November
သင်ဟာ အရမ်းကိုရည်မှန်းချက်ကြီးပြီး စိတ်အားထက်သန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာဘယ်တော့မှ အလုပ်နဲ့လက်မပြတ်အောင် လုပ်တတ်တဲ့သူဖြစ်ပြီး သင့်ရဲ့အစွမ်းအစတွေကို အကျိုးရှိရှိအသုံးချတတ်သူပါ။ သင့်ရဲ့ဖူးစာရှင်ဟာ သင့်ကို စိတ်ပျော်ရွှင်လန်းဆန်းစေမယ့်၊ အမောပြေစေမယ့် သူတစ်ယောက်ပါ။ သင့်ကို မွန်းကျပ်စရာတွေ၊ များပြားလွန်းတဲ့ အလုပ်တွေဆီကနေ ခေါ်ထုတ်ပေးနိုင်တဲ့သူမျိုးပါ။

(12) December

 

သင်ဟာ ရိုးသားပြီး ယုံကြည်လို့ရတဲ့ သူတစ်ယောက်ပါ။ သင့်ရဲ့ဖူးစာရှင်ဟာလည်း သင့်ရဲ့အကျင့်နဲ့ထပ်တူ ရောင်ပြန်ဟပ်စေမယ့်သူပါ။ သူနဲ့အတူရှိနေရရင် သင်ဟာ အရမ်းသက်တောင့်သက်သာဖြစ်သလို ခံစားရပြီး သင့်အပေါ်ကို အချစ်စစ်နဲ့ချစ်တယ်ဆိုတာကို ခံစားစေမယ့်သူမျိုးပါ။ သင့်ရဲ့ဖူးစာရှင်ဟာ ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်သလို သင့်ကိုအမြဲတမ်းအားပေးပြီး သင့်အနားမှာအမြဲရှိနေမယ့် သူမျိုးပါ။

Credit : Aunty may