Zawgyi ဖြင့်ဖတ်ရန်


ခရင်မ် အရောင်

 


အဝါနုရောင်

 


အပြာရောင်

 


အနီရောင်

 


ပန်းခရမ်းရောင်

 


ခဲရောင်

 


စစ်စိမ်းရောင်



 

Unicode ဖြင့်ဖတ်ရန်

အသားညိုတဲ့သူတွေအနေနဲ့ အဝတ်အစားဝတ်တဲ့အခါမှာ ရွေးချယ်သင့်တဲ့အရောင်များ

အသားညိုတဲ့သူတွေက သူများတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့် တချို့တွေက အသားညိုလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေတာတွေ ရှိပါတယ်။ တကယ်တော့ အသားဖြူတာလည်း လှသလို၊ အသားညိုတာလေးကလည်း ဆွဲဆောင်မှုရှိပြီး လှနေစေပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့က အဓိကပါပဲ။ ဒါကြောင့် အသားညိုတဲ့သူတွေအနေနဲ့ အဝတ်အစားဝတ်တဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်မှုရှိစေမယ့် အရောင်လေးတွေကို ရွေးချယ်တတ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ခရင်မ်အရောင်

 

 

အဖြူရောင်ထက်စာရင် ခရင်မ်အရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ ပိုလိုက်ဖက်မှုရှိစေပါတယ်။ ခရင်မ်အရောင်က အသားညိုတဲ့သူတွေဝတ်ရင် ဆွဲဆောင်မှုရှိစေပါတယ်။

အဝါနုရောင်

 

 

အဝါရောင်ထဲမှာမှ အဝါနုရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ သူကဝတ်လိုက်တာနဲ့ အသားကိုလင်းသွားစေလို့ အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်တာပါ။

အပြာရောင်

 

 

အသားညိုတဲ့သူတွေက ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အပြာရောင်နဲ့လိုက်ဖက်ပါတယ်။ အပြာရောင်က ဝတ်လိုက်တာနဲ့ အသားကိုလင်းသွားစေပါတယ်။ အသားညိုရင် အပြာနဲ့မလိုက်ဘူးဆိုတာကတော့ လွဲမှားတဲ့အယူအဆပါ။

အနီရောင်

 

 

အသားညိုတဲ့သူတွေဆိုရင် အနီရောင်လေးနဲ့လည်း လိုက်ဖက်ပါတယ်။ အနီရောင်လေးက ဝတ်လိုက်တာနဲ့ တောက်ပြီး လင်းသွားစေတဲ့အတွက် အသားညိုတဲ့သူတွေအလိုက်ဖက်ဆုံးပါပဲ။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်လေးဆိုရင်လည်း မမှားပါဘူး။

ပန်းခရမ်းရောင်

 

 

အသားညိုတဲ့မိန်းကလေးတွေဆိုရင် ပန်းခရမ်းရောင်လေးကိုလည်း ဝတ်ဆင်သင့်ပါတယ်။ ဒီအရောင်လေးက ဆွဲဆောင်မှုရှိစေပါတယ်။

ခဲရောင်

 

 

ခဲရောင်လေးကလည်း အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ခဲရောင်ကျတော့ ခဲအဖျော့ထက် ခဲအရင့်နဲ့ဆို ပိုလိုက်ဖက်မှုရှိပါတယ်။

စစ်စိမ်းရောင်

 

အသားညိုတဲ့သူတွေက စစ်စိမ်းရောင်နဲ့လည်း လိုက်ဖက်ပါတယ်။ ဒီအရောင်လေးက ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိစေပါတယ်။

Credit : my style myanmar