Zawgyi ျဖင့္ဖတ္ရန္

 

လူတစ္ေယာက္နဲ႕တစ္ေယာက္ခင္ဖို႕မင္ဖို႕ေပါင္းသင္းဆက္ဆံဖို႕ကသိပ္မခက္ခဲေပမဲ႔ တကယ္ကိုရင္ထဲကေနနွစ္နွစ္ကာကာေပါင္းသင္းျပီးခင္မင္လို႕ရတ႔ဲ သူငယ္ခ်င္း မ်ိဳးဆိုတာရွားပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္မတူညီတဲ႔အက်င္႔စရိုက္နဲ႕ေမြးဖြား လာခဲ႔ျကတာမို႕ကိုယ္နဲ႕စိတ္တူကိုယ္တူ ရင္ဘတ္ခ်င္းနီးတဲ႔သူငယ္ခ်င္းမ်ိဳးကိုသင္ပိုင္ဆိုင္ထားရျပီလား၊ရင္ဘတ္ခ်င္းနီးတဲ႔သူငယ္ခ်င္းေကာင္းဆိုတာဘယ္လိုလူေတြလဲဆိုတာ…

(၁) ကိုယ္ေတာင္မေျပာရေသးပဲကိုယ္ေျပာခ်င္တဲ႔စကားကို တန္းသိေနတတ္တဲ႔သူမ်ိဳး

တစ္ခ်ိဳ႕ကိစၥေတြကိုပါးစပ္ကေနထုတ္ေျပာျပေနစရာ မလိုပဲကိုယ္ဘာေျပာခ်င္တယ္ကိုယ္႔သေဘာထားကဘယ္လိုရွိတယ္ဆိုတာကိုကြင္းကြင္းကြက္ကြက္ျမင္တတ္ေနသူမ်ိဳးပါ။ သူလုပ္ခ်င္တာနဲ႕ကိုယ္ျဖစ္ခ်င္ေနတာေတြကလည္းတစ္ထပ္တည္းက်တတ္ျပီး တစ္ေယာက္နဲ႕တစ္ေယာက္ညိွစရာမလုိေလာက္ေအာင္ပဲ ေတာ္ေတာ္မ်ားမ်ားကိစၥေတြကိုတူတူလုပ္လို႕ရတတ္ျကပါတယ္။ ဘယ္လိုေျပာရမလဲ…သိပ္ျပီးတုိင္ပင္စရာေတာင္မလုိဘူးတစ္ေယာက္စိတ္တစ္ေယာက္သိေနတတ္ျကတာမိ်ဳးပါ။

(၂) စိတ္ညစ္ေနခ်ိန္မွာစိတ္ခြန္အားျဖစ္ေစမဲ႔အရာေတြဖန္တီးေပးတတ္တာမ်ိဳး

တစ္ေယာက္ေယာက္စိတ္ညစ္ေနတဲ႔အခ်ိန္စိတ္ဓာတ္က်ေနတဲ႔အခ်ိန္မ်ိဳးမွာလည္း စိတ္ပိုသိမ္ငယ္ေစမဲ႔အရာမ်ိဳးေတြကိုဖန္တီးေျပာဆိုျခင္းမရွိပဲ စိတ္ကိုခြန္အားျဖစ္ေစတဲ႔အရာေတြကိုဖန္တီးေျပာဆိုေပးျပီး စိတ္အားထက္သန္လာေအာင္ စိတ္ပိုတတ္ျကြလာေအာင္ လုပ္ေဆာင္ေပးတတ္ျကပါတယ္။

(၃) ဘာကိုမဆိုသူ႕ေရွ႔မွာမရွက္မေျကာက္ေျပာျပလုိ႕ရတာမ်ိဳး

တကယ္စိတ္ခ်င္းနီးစပ္တဲ႔ခ်စ္ဆံုးသုူငယ္ခ်င္းေတြဆိုတာ တစ္ေယာက္ေရွ႕မွာတစ္ေယာက္ ရွက္ေနေျကာက္ေနတာမိ်ဳးမရွိပဲ ပြင္႔ပြင္႔လင္းလင္းနဲ႕ ေျပာဆို ရင္ဖြင္႔လို႕ရပါတယ္။တစ္ေယာက္ရဲ႕အားနည္းခ်ကိုတစ္ေယာက္ကခ်နင္းတာမ်ိဳးကဲ႔ရဲ႕တာမ်ိဳးလံုး၀မရွိတာေျကာင္႔ ဒီလိုသင္ဘာေျပာေျပာစိတ္ခ်လို႕ရတဲ႔သူငယ္ခ်င္းမ်ိဳးရွိျပီဆိုရင္ေတာ႔ ဂုဏ္ယူလုိက္ပါ။

(၄) တစ္ေယာက္ ဘ၀ ကုိတစ္ေယာက္တန္ဖိုးထားေပးတတ္တာမ်ိဳး

တကယ္ခ်စ္တဲ႔သူငယ္ခ်င္းေတြဟာ တစ္ေယာက္ရဲ႕ဘ၀ကိုတစ္ေယာက္တန္ဖိုးထားတတ္ျကပါတယ္။ တစ္ေယာက္ရဲ႕တိုးတတ္မႈေအာင္ျမင္မႈေတြကို ပိတ္ပင္တားစီးသမ်ွအရာေတြကိုကူညီျပီးလိုက္ေျဖရွင္းေပးတတ္ျကပါတယ္။ ကိုယ္႔ကိစၥမွမဟုတ္ပဲေရွာင္ေနလို႕ရပင္မဲ႔ တကယ္႔စိတ္ရင္းနဲ႕ခင္တဲ႔ေဘာ္ဒါအရင္းျကီးေတြကေတာ႔ သာတယ္နာတယ္ မျမင္ပဲ ကိုယ္႔သူငယ္ခ်င္းရဲ႕ေကာင္းက်ိဳးကိုပဲထည္႔စဥ္းစားေပးတတ္ျကပါတယ္။ ငါ့ထက္သာသြားမလား ငါ့ထက္ပိုေကာင္းသြားမလားဆိုတာမ်ိဳးမေတြးတတ္ျကပါဘူး။

(၅) အမုန္းခံျပီးေျပာတယ္

တစ္ဦးတစ္ေယာက္ကို တကယ္ခ်စ္ခင္လုိ႕သူ႕ရဲ႕ေကာင္းက်ိဳးေတြအတြက္ အမုန္းခံျပီးေျပာတယ္ဆိုရင္ဒါဟာ တကယ္႔ေစတနာပါ။ တကယ္ခ်စ္တဲ႔သူငယ္ခ်င္းေတြဟာကုိယ္႔သူငယ္ခ်င္းရဲ႕ေကာင္းဖို႕တိုးတတ္ဖို႕ အဆင္ေျပဖုိ႕ဆိုရင္ အထင္လြဲခံအမုန္းခံျပီးကို ဆူေျပာရင္း လမ္းေျကာင္းမွန္ကိုပို႕ေပးတတ္ျကပါတယ္။ သူတို႕ရဲ႕အေျပာေတြ စကားေတြက ျကမ္းခ်င္ျကမ္းမယ္နာရင္နာမယ္ တကယ္ေတာ႔သင္တုိ႕ကိုတကယ္တန္ဖိုးထားခ်စ္ခင္တဲ႔သူေတြကသာဒီလို အမုန္းခံစိတ္ပင္ပန္းခံေလကုန္ခံေျပာေနတာမို႕ သူတုိ႕ေစတနာကိုနားလည္နိုင္ပါေစ။

အေပၚကအခ်က္ေလးေတြနဲ႕ေတာ္ေတာ္မ်ားမ်ားကိုက္ညီတဲ႔ သူငယ္ခ်င္းမ်ိဳးရထားျပီဆိုရင္သင္ဟာ သူငယ္ခ်င္းကံသိပ္ေကာင္းတဲ႔လူတစ္ေယာက္ျဖစ္ေနျပီမို႕ ဒီလိုသူငယ္ခ်င္းမ်ိဳး တစ္ေယာက္ပဲရွိရွိတန္ဖိုးထားတတ္ျကပါေစလို႕ဆုေတာင္းရင္း…

 

Credit : trend

Unicode ဖြင့်ဖတ်ရန်

လူတစ်ယောက်နဲ့တစ်ယောက်ခင်ဖို့မင်ဖို့ပေါင်းသင်းဆက်ဆံဖို့ကသိပ်မခက်ခဲပေမဲ့ တကယ်ကိုရင်ထဲကနေနှစ်နှစ်ကာကာပေါင်းသင်းပြီးခင်မင်လို့ရတဲ့သူငယ်ချင်းမျိုးဆိုတာရှားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အကျင့်စရိုက်နဲ့မွေးဖွားလာခဲ့ကြတာမို့ကိုယ်နဲ့စိတ်တူကိုယ်တူ ရင်ဘတ်ချင်းနီးတဲ့သူငယ်ချင်းမျိုးကိုသင်ပိုင်ဆိုင်ထားရပြီလား၊ ရင်ဘတ်ချင်းနီးတဲ့သူငယ်ချင်းကောင်းဆိုတာဘယ်လိုလူတွေလဲဆိုတာ…

(၁) ကိုယ်တောင်မပြောရသေးပဲကိုယ်ပြောချင်တဲ့စကားကို တန်းသိနေတတ်တဲ့သူမျိုး

တစ်ချို့ကိစ္စတွေကိုပါးစပ်ကနေထုတ်ပြောပြနေစရာ မလိုပဲကိုယ်ဘာပြောချင်တယ်ကိုယ့်သဘောထားကဘယ်လိုရှိတယ်ဆိုတာကိုကွင်းကွင်းကွက်ကွက်မြင်တတ်နေသူမျိုးပါ။ သူလုပ်ချင်တာနဲ့ကိုယ်ဖြစ်ချင်နေတာတွေကလည်းတစ်ထပ်တည်းကျတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်ညှိစရာမလိုလောက်အောင်ပဲ တော်တော်များများကိစ္စတွေကိုတူတူလုပ်လို့ရတတ်ကြပါတယ်။ ဘယ်လိုပြောရမလဲ…သိပ်ပြီးတိုင်ပင်စရာတောင်မလိုဘူးတစ်ယောက်စိတ်တစ်ယောက်သိနေတတ်ကြတာမျိုးပါ။

(၂) စိတ်ညစ်နေချိန်မှာစိတ်ခွန်အားဖြစ်စေမဲ့အရာတွေဖန်တီးပေးတတ်တာမျိုး

တစ်ယောက်ယောက်စိတ်ညစ်နေတဲ့အချိန်စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာလည်း စိတ်ပိုသိမ်ငယ်စေမဲ့အရာမျိုးတွေကိုဖန်တီးပြောဆိုခြင်းမရှိပဲ စိတ်ကိုခွန်အားဖြစ်စေတဲ့အရာတွေကိုဖန်တီးပြောဆိုပေးပြီး စိတ်အားထက်သန်လာအောင် စိတ်ပိုတတ်ကြွလာအောင် လုပ်ဆောင်ပေးတတ်ကြပါတယ်။

(၃) ဘာကိုမဆိုသူ့ရှေ့မှာမရှက်မကြောက်ပြောပြလို့ရတာမျိုး

တကယ်စိတ်ချင်းနီးစပ်တဲ့ချစ်ဆုံးသုူငယ်ချင်းတွေဆိုတာ တစ်ယောက်ရှေ့မှာတစ်ယောက် ရှက်နေကြောက်နေတာမျိုးမရှိပဲ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆို ရင်ဖွင့်လို့ရပါတယ်။တစ်ယောက်ရဲ့အားနည်းချကိုတစ်ယောက်ကချနင်းတာမျိုးကဲ့ရဲ့တာမျိုးလုံးဝမရှိတာကြောင့် ဒီလိုသင်ဘာပြောပြောစိတ်ချလို့ရတဲ့သူငယ်ချင်းမျိုးရှိပြီဆိုရင်တော့ ဂုဏ်ယူလိုက်ပါ။

(၄) တစ်ယောက်ဘဝကိုတစ်ယောက်တန်ဖိုးထားပေးတတ်တာမျိုး

တကယ်ချစ်တဲ့သူငယ်ချင်းတွေဟာ တစ်ယောက်ရဲ့ဘဝကိုတစ်ယောက်တန်ဖိုးထားတတ်ကြပါတယ်။ တစ်ယောက်ရဲ့တိုးတတ်မှုအောင်မြင်မှုတွေကို ပိတ်ပင်တားစီးသမျှအရာတွေကိုကူညီပြီးလိုက်ဖြေရှင်းပေးတတ်ကြပါတယ်။ ကိုယ့်ကိစ္စမှမဟုတ်ပဲရှောင်နေလို့ရပင်မဲ့ တကယ့်စိတ်ရင်းနဲ့ခင်တဲ့ဘော်ဒါအရင်းကြီးတွေကတော့ သာတယ်နာတယ် မမြင်ပဲ ကိုယ့်သူငယ်ချင်းရဲ့ကောင်းကျိုးကိုပဲထည့်စဉ်းစားပေးတတ်ကြပါတယ်။ ငါ့ထက်သာသွားမလား ငါ့ထက်ပိုကောင်းသွားမလားဆိုတာမျိုးမတွေးတတ်ကြပါဘူး။

(၅) အမုန်းခံပြီးပြောတယ်

တစ်ဦးတစ်ယောက်ကို တကယ်ချစ်ခင်လို့သူ့ရဲ့ကောင်းကျိုးတွေအတွက် အမုန်းခံပြီးပြောတယ်ဆိုရင်ဒါဟာ တကယ့်စေတနာပါ။ တကယ်ချစ်တဲ့သူငယ်ချင်းတွေဟာကိုယ့်သူငယ်ချင်းရဲ့ကောင်းဖို့တိုးတတ်ဖို့ အဆင်ပြေဖို့ဆိုရင် အထင်လွဲခံအမုန်းခံပြီးကို ဆူပြောရင်း လမ်းကြောင်းမှန်ကိုပို့ပေးတတ်ကြပါတယ်။ သူတို့ရဲ့အပြောတွေ စကားတွေက ကြမ်းချင်ကြမ်းမယ်နာရင်နာမယ် တကယ်တော့သင်တို့ကိုတကယ်တန်ဖိုးထားချစ်ခင်တဲ့သူတွေကသာဒီလို အမုန်းခံစိတ်ပင်ပန်းခံလေကုန်ခံပြောနေတာမို့ သူတို့စေတနာကိုနားလည်နိုင်ပါစေ။

အပေါ်ကအချက်လေးတွေနဲ့တော်တော်များများကိုက်ညီတဲ့ သူငယ်ချင်းမျိုးရထားပြီဆိုရင်သင်ဟာ သူငယ်ချင်းကံသိပ်ကောင်းတဲ့လူတစ်ယောက်ဖြစ်နေပြီမို့ ဒီလိုသူငယ်ချင်းမျိုး တစ်ယောက်ပဲရှိရှိတန်ဖိုးထားတတ်ကြပါစေလို့ဆုတောင်းရင်း…

Credit : trend