စားသောက်ဆိုင်

မန္တလေးမြို့ မှာ မြန်မာမုန့်မျိုးစုံနဲ့ လက်ပံပျား ကြက်ကြော်ကို အဓိကထားရောင်းချ ပေးမယ့် အညာမြေဆိုတဲ့   မြန်မာအစားအစာဆိုင်လေးကို သည်နေ့ စတင်ဖွင့်လှစ်ပါတယ်။ဆိုင်ထဲကို စဝင်လိုက်တာနဲ့ အ ညာကျေးလက်ဒေသတစ်ခု ရောက်သွားသလိုပါပဲ။ ထန်းပင်၊ ထန်းလက် နဲ့ ပြုလုပ်ထားတဲ့ အခန်းငယ်လေးတွေ၊ ပန်းချီကားတွေ၊ မြန်မာ့ရိုးရာ အနုပညာရုပ်သေးရုပ်လေးတွေနဲ့ ထန်းရွက်နဲ့ လုပ်ထားတဲ့ ငှက်ရုပ်လေးတွေလည်း ချိတ်ဆွဲအလှဆင်ထားပါတယ်။

ထန်းပင်၊ ထန်းလက်တွေနဲ့ ပြင်ဆင်ထားတဲ့အခန်းလေးမှာရှိတဲ့ စားပွဲပေါ်မှာလည်း ထန်းရွက်နဲ့ပြုလုပ်ထားတဲ့ ထန်းခေါက်ဖာတစ်ရှူးဘူး၊ စဉ့်ရေနွေးကြမ်းအိုး၊ စဥ့်ရေနွေးကြမ်းပန်း ကန်လုံးလေးတွေနဲ့ စဥ့်ဆးလိပ်ပြာခွက်လေးတွေကို ပြင်ဆင်ထားပါ တယ်။

ထန်းပင်၊ ထန်းလက်ရနံ့လေးတွေနဲ့ ဆီးကြိုနေတဲ့ အညာမြေဆိုတဲ့ ဆိုင်လေးဟာ အညာကျေးလက် သ ဘာဝဆန်ဆန် လေး ခင်းကျင်း ပြင် ဆင်ထားသလို မြန်မာအစားအစာ တွေကိုလည်း သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာမုန့်မျိုးစုံရပြီ

သည်ဆိုင်လေးကတော့ မန္တ လေးမြို့ ၊ ၅၉ လမ်း၊ ၂၆ လမ်းနဲ့ ၂၈ လမ်းကြား၊ သံလမ်းအရှေ့ဘက်၊ ယာဉ်ပျံရပ်ကွက်မှာတည်ရှိပြီး မနက် ၆းဝ၀ နာရီကနေ ညနေ ၆းဝ၀ နာရီ အ ထိ ဖွင့်လှစ်ပါတယ်။မြန်မာမုန့်တွေကို စားချင်တဲ့ မ န္တ လေးသူ၊ မန္တလေးသားတွေအတွက် နေ့ခင်းဘက်မှ ရောက်လာတတ်တဲ့ ခေါင်းရွက်မုန့်ဈေးသည်တွေကို စောင့်နေစရာမလိုတော့ဘဲ စားချင်တဲ့ အချိန်မှာ မြန်မာမုန့်မျိုးစုံကိုအချိန်မရွေးစားသုံးနိုင်ပါပြီ။

အညာမြေဆိုင်မှာ မုန့်တီ၊ မြီး ရှည်၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ ထမင်းကြော်၊ လက်ဖက်ရည်၊ ဆန် ပြုတ်၊ အီကြာကွေး၊ ဆီထမင်း၊ ငါးလေးကြော်၊ စာကလေးကြော်ကအစ ရာသီပေါ်အသီးဖျော်ရည်နဲ့ အရွက် သုပ်မျိုးစုံ ရရှိနိုင်ပါတယ်။

အညာမြေဆိုင်ပိုင်ရှင် ဒေါ်အိအိချောက မြန်မာမုန့်တွေဖြစ်တဲ့ မုန့်ပဲ ဆုပ်၊ ကြိတ်မုန့်၊ ငှက်ပျောထုပ်၊ ကောက်ညှင်းထုပ်၊ မုန့်ပျားသလက်၊ မုန့်ဦးနှောက်၊ သာကူထုပ်၊ မုန့်ကျွဲသည်း၊ မုန့်လုံးကြီးတွေရရှိတဲ့အပြင် ဘူးသီးကြော်၊ ပြောင်းဖူးကြော်တွေကိုလည်း ပူပူနွေးနွေးနဲ့ စားသုံးနိုင်အောင် ကြိုတင်ကြော်ထားတာမျိုး မဟုတ်ဘဲ စားသုံးသူမှာတဲ့အချိန်မှ လတ်လတ်ဆတ်ဆတ် ကြော်ပေးမှာလို့ ပြောပါတယ်။ထမင်းပူပူလေးကို ဆုံဆီစစ်စစ် လေးဆီဆမ်းပြီး လက်ပံပျားကြက် ကြော်နဲ့ မှာစားတဲ့အခါ ငရုတ်သီးဆားထောင်း၊ ချဉ်ပါင်နဲ့မျှစ်ကြော်၊ ကြက်ရိုးဟင်းချိုရည်ပူပူလေးကိုပါ တွဲဖက်စားသုံးရမှာဖြစ်တယ်။ ဆုံဆီ စစ်စစ်ကိုသာ အသုံးပြုပြီး ချက်ပြုတ်တယ်လို့ ဆိုပါတယ်။

သည်ဆိုင်မှာ ထူးထူးခြားခြားဆိုတဲ့ ခနုံအီမုန့်လို့ခေါ်တဲ့ မြောင်းမြ ဒေသစာလည်း ရရှိနိုင်ပါတယ်။ ခနုံ အီမုန့်ဟာ ကောက်ညှင်း၊ မြေပဲ၊ အုန်းသီးနုနုလေးကို အသုံးပြု ပြုလုပ် ပြီး သူ့ရဲ့အရသာက ဆိမ့်ဆိမ့်လေးဆိုတော့ စားလို့ကောင်းမယ့်ပုံပါပဲ။

ဆိုင်အတွင်းမှာ အညာဒေသရဲ့ အငွေ့အသက်တွေနဲ့ မြန်မာသံစဉ် တီးလုံးသံငြိမ့်ငြိမ့်လေးကိုလည်း ကြားရပါတယ်။ မင်းသား၊ ဘုရင်၊ ဝန် ကြီးစသဖြင့် နာမည်လေးတွေရေးပေးထားတဲ့ဆိုင်ခန်းပေါင်း ခြောက်ခန်းရှိတယ်။ လူဦးရေ ၇၀ ခန့်ဆံ့ပြီး ဝိတ်တာကိုခေါ်ဖို့ မောင်းလေးတွေ ချိတ်ဆွဲထားပါတယ်။

ကိုယ်တိုင်ရေးမှာယူ

မုန့်တွေမှာဖို့ကိုလည်း အရင်က အသုံးပြုခဲ့တဲ့ ကျောက်သင်ပုန်းနဲ့ ကျောက်တံလေးကို အသုံးပြုပြီး ကိုယ်တိုင်ရေးမှာယူရတာကလည်း ထူးထူးခြားခြားပါပဲ။

“ဆိုင်ကို ရောက်လာသူတွေအတွက် ပထမဆုံးထိတွေ့ရမှာက ထန်းပင်၊ ထန်းလက်တွေနဲ့ ကျောက်သင်ပုန်းပေါ့၊ ဒီဘက်ခေတ်မှာ ကျောက်သင်ပုန်းဆိုတာကို သိသာသိကြပေမဲ့ လူငယ်တွေ မသုံးဖူးကြဘူးလေ၊ ဆိုင်မှာ လာစားသူတွေရဲ့ မီနူးအမှာစာကို ကျောက်သင်ပုန်းနဲ့ ရေး ခိုင်းပါမယ်၊ ဆိုင်ရဲ့အဓိကအပြင် အဆင်အားလုံးကို အညာမြေဆိုတဲ့ အတိုင်း မြန်မာမှုကိုသာ ဦးစားပေးထားတယ်”လို့ ဒေါ်အိအိချောက ပြောပါတယ်။အစားအသောက်တွေကိုလည်း ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေး မှာဖြစ်တယ်။ လက်ပံပျားကြက် ကြော်ပွဲကြီးတစ်ပွဲကို ကျပ်၄၀ဝ၀ ၊ ပွဲသေး (နှစ်ယောက်စာ) ကျပ်၂၀ဝ၀ ဖြစ် ပါတယ်။

ဒေါ်အိအိချောက “အစားအသောက်နဲ့ ပတ်သက်ပြီးတော့လဲ ဈေးတွေအများကြီး မယူထားဘူး၊ လမ်းဘေးဈေးသည်ထက် နည်းနည်းပါးပါးပဲ ပိုထားတယ်၊ အကုန်လုံးကို ဈေးသက်သက်သာသာနဲ့ စား စေချင်တယ်၊ အဆင်ပြေပြေလဲ စား စေချင်တယ်၊ အပြင်မှာ ဒီမုန့်တွေဆို ရင် ဈေးသည်တွေက ၃၀ဝ ရောင်း ရင် အစ်မက ၃၅၀ ပဲယူမယ်”လို့ ပြောပါတယ်။ အညာမြေစားဖွယ်စုံဆိုတဲ့ ဖေ့စ်ဘုတ်ခ်ပေ့ခ်ျကို share လုပ်ထားသူ တွေအနေနဲ့ ဆိုင်စဖွင့်တဲ့ နေ့ကစပြီး တစ်လအတွင်း ၁၀ ရာခိုင်နှုန်း လျှော့ပေးမှာ ဖြစ်ပါတယ်။

copy @ kumudra/နန်းဟေမာထွေး