ခင်ဝင့်ဝါ

စာသင်ခန်းကိုကျောပေးပြီး Facebook ကို တလွဲအသုံးချမိတဲ့ အဖြူ၊ အစိမ်းဝတ်ကျောင်းသား၊ ကျောင်းသူလေး တွေရဲ့အကြောင်းကို ပညာပေးပုံဖော်ထားတဲ့ “ဆယ်လီ” ရုပ်ရှင်ကားမှာ ဧည့်သည်သရုပ်ဆောင်နေရာက ပါ ၀င်ထားတဲ့သရုပ်ဆောင်ခင်ဝင့်ဝါက သရုပ်ဆောင်ရတဲ့ဇာတ်ဝင်ခန်းနည်းပေမယ့် အခန်းတိုင်းမှာငိုခဲ့ရတယ်လို့ပြောကားပါတယ်။

“ဒီကားကို ရိုက်တဲ့အချိန်တုန်းက အွန်လိုင်းမှာလည်းနည်းနည်းလေးပြဿနာရှိတော့ ကိုယ့်ရဲ့ကလေးအမေ ဇာတ်ရုပ်အတွက် တကယ်လိုများ ကိုယ့်ရဲ့ညီမတစ်ယောက်၊ ကိုယ်မွေးထားတဲ့သမီးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ကိုသွင်းပြီး အကောင်းဆုံးကြိုးစားသရုပ်ဆာင်ခဲ့ပါတယ်။ ပြီးတော့ ကိုယ်ပါတဲ့အခန်း တိုင်းမှာ ငိုခဲ့ရတာလည်း မှတ်မှတ်ရရပါပဲ” လို့ ၄င်းကထပ်လောင်းပြောပါတယ်။

“ဆယ်လီ” ရုပ်ရှင်ကားမှာ မင်းမော်ကွန်းရဲ့ဇနီး၊ ကလေးတစ်ယောက်အမေနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပြီး ရိုက်တော့မယ့်အချိန်ထိ ဇာတ်ရုပ်ကိုမသိရသေးတာကြောင့် ရင်ခုန်စိတ်လှုပ်ရှားစရာများနဲ့အတူ သရုပ် ဆောင်ခဲ့ရတယ်လို့ သရုပ်ဆောင်ခင်ဝင့်ဝါကပြောထားပါတယ်။

“ဦးမိုးဦးက ဟာသကားတွေပဲရိုက်တာများတော့ ဒီကားကိုလည်းဟာသကားလို့ထင်ထားတာပါ။ ပြီးတော့ သူက ညီမရဲ့ဇာတ်ရုပ်ကိုလည်း ကြိုမပြောထားတော့ ရိုက်ကွင်းပေါ်ကို အ၀တ်အစားတောင်မှန်းပြီးယူသွားခဲ့ရတယ်။ တကယ်တမ်းရိုက်ကွင်းရောက်တဲ့အချိန်မှာမှ ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိသလို ရင်လည်းခုန်ခဲ့ရတယ်” လို့ ၄င်းကပြောပါတယ်။

“ဆယ်လီ” ရုပ်ရှင်ကားကို ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အနုပ ညာရှင်များရဲ့ရင်သွေးငယ်များဖြစ်ကြတဲ့မောင်မင်းမြတ်၊ သက်ထားရွှေစင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပိုဒေါင်၊ ဖြိုးဖြိုး၊ မှုံနံသာကျော်ရဲအောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျိုမေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာလွင်တို့က အဓိကပါဝင်ထားကြပါ တယ်။

Share from The Radar