သေနတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ပုံပါကျင်မြို့ နမ့်ဟူးခွန်ကျေးရွာအနီးတွင် ဧပြီလ ၁၇ ရက် ည ၁၁ နာရီခန့်က အမည်မသိ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ပုံပါကျင်နယ်မြေ ရဲစခန်းထံမှ သိရသည်။

အသက် ၃၇ နှစ်ခန့်အရွယ် ယင်းအမျိုးသားသည် အရှည် ၄ ပေ ၇ လက်မခန့်ရှိ တူမီသေနတ်ဖြင့် မိမိကိုယ်ကိုယ ပစ်ခတ်ခဲ့၍ မေ့စေ့အောက်တွင် တစ်လက်မခန့် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကြားတွင် တစ်လက်မခန့် ဖောက်ထွက်ဒဏ်ရာ တစ်ချက် ရရှိပြီး သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တူမီးသေနတ်ကို ပေါင်ကြားထဲ ညှပ်ထားသလို သေနတ်ပစ်တဲ့ ခလုတ်ကို သစ်သားချောင်းထည့်ပြီး ခြေထောက်နဲ့နင်းပြီး သတ်သေတဲ့ပုံစံ တွေ့ရတယ်။ သေဆုံးသူက အနီးနားရွာတွေက မဟုတ်သလို ဘယ်မှာနေထိုင်တယ် ဆိုတာ စုံစမ်းလို့ မရသေးဘူး” ဟု ၎င်းက ပြောကြားသည်။

အမည်မသိ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၇ )ရေးဖွင့်၍ စုံစမ်းစစ်ဆေးနေကြောင်း ပုံပါကျင်နယ်မြေ ရဲစခန်းထံမှ သိရသည်။

by the voice