မျက်ခုံးမွှေး, မျက်နှာ, မျက်ခုံး

မျက်ခုံးမွှေးဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပြောင်းလဲစေတတ်တဲ့အရာပါ။ တော်တော်များများမှာ မျက်ခုံးမွှေးပါးပါးမျှင်မျှင်လေးတွေပဲ ရှိတတ်ကြပါတယ်။ ဒါကို မျက်ခုံးမွှေးလည်း မစိုက်ဘဲ၊ မျက်ခုံးမွှေး ကာလာတွေ မခြယ်သဘဲ သဘာဝအတိုင်း ထူထူနက်နက်လေး ဖြစ်အောင် ပြုလုပ်လို့ ရပါတယ်။

အုန်းဆီ

အုန်းဆီဟာ မျက်ခုံးမွှေး ထူထူနက်နက်လေး ဖြစ်စေဖို့ အထောက်အကူပြုပေးနို်င်တဲ့ ဆီတစ်မျိုးပါ။ အုန်းဆီစစ်စစ်ကို လက်ချောင်းလေးနဲ့ ယူပြီး မျက်ခုံးတစ်လျှောက်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် လက်မနဲ့ လက်ညှိုးကို အသုံးပြုကာ နှိပ်နယ်ပေးပါ။ သွေးလည်ပတ်မှုအားကောင်းလာတာကြောင့် မျက်ခုံးမွှေး ထူလာဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ (၁၅) မိနစ်လောက်ကြာတဲ့အခါ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ဒါဆိုရင်တော့ မျက်ခုံးထူထူနက်နက်လေးရဲ့ ပိုင်ရှင်ဖြစ်ဖို့ သေချာပါပြီ။

ကြက်ဥ

ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အမွှေးအမျှင်အားလုံးကို သန်စွမ်းစေပါတယ်။ ဒါကြောင့် မျက်ခုံးမွှေး သန်စွမ်းစေဖို့အတွက် ကြက်ဥကို အသုံးပြုလို့ ရပါတယ်။ ခွက်တစ်ခုထဲကို ကြက်ဥကို ဖောက်ထည့်ပါ။ အကာတွေ ဖယ်ရှားလိုက်ပြီး အနှစ်ချည်းသီးသန့် ဆယ်ထုတ်လိုက်ပါ။ အနှစ်ထဲကို ပျားရည် (၂) စက်လောက်ရောစပ်ပေးပါ။ ပြီးရင် မျက်ခုံးမွှေးတလျှောက်မှာ သုတ်လိမ်းပေးပါ။ မိနစ် (၂၀) လောက် ကြာအောင်ထားပြီးတဲ့အခါ ရေနွေးလေးနဲ့ ဆေးကြောပေးပါ။ (၃) ကြိမ်လောက် ပြုလုပ်ပြီးတဲ့အခါ ထူထူနက်နက် မျက်ခုံးမွှေးတွေကို အသင့်စောင့်ကြိုနေရုံပါပဲ။

ဖြိုးပြည့်သူ(မိုမိုလေး)