သေဒဏ်, မုဒိမ်းမှု, မုဒိမ်းသမား,

အသက် 10 နှစ်အရွယ်သာ ရှိသေးတဲ့ မိန်းကလေးကို အကြိမ်ကြိမ်အခါခါ အဓမ္မကျင့်ခဲ့တဲ့ Robert Seman Jr လို့ အမည်ရတဲ့ အသက် 48 နှစ်အရွယ် အမျိုးသားဟာ တရားစီရင်မှု မပြုခင်၊ မိနစ်ပိုင်းအလိုမှာ တရားရုံးအောက်ထပ်ကို ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

အခင်းဖြစ်စဉ် မတိုင်မီမှာ Robert ကို ရဲနှစ်ယောက်ရဲ့ အဆောင့်အကြပ်နဲ့ ခေါ်ထုတ်လာတာကို တရားရုံး CCTV မှတ်တမ်းမှာ မြင်တွေ့ရပါတယ်။ ယင်းနောက် သိပ်မကြာမီမှာပဲ Robert ဟာ လျှောက်လမ်းဝရံတာမှ အောက်ထပ်ကို ရုတ်တရက် ခုန်ချခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်သားနှစ်ယောက်ဟာ အောက်ထပ်ကို ငုံ့ကြည့်နေကြပြီး၊ နောက်မှ ရဲသားတစ်ယောက်က အောက်ထပ်ကို လှေကားကနေ ပြေးဆင်းသွားတာကို တွေ့ရပါတယ်။

အခင်းဖြစ်ရာ တရားရုံးမှာ အမေရိကန် အိုဟိုင်းယိုးပြည်နယ် Youngstown မြို့မှ Mahoning County Courthouse တရားရုံးဖြစ်ပြီး၊ တရားခံခုန်ချစီရင်ခဲ့ရာ နေရာဟာ တရားရုံး၏ တရားစီရင်ရေးအဆောင် လေးလွှာအမြင့်မှ ဖြစ်ကြောင်းသိရ ပါတယ်။ Robert ရဲ့ အမှုဟာ ဒီအပတ်အတွင်း အပြီးစီရင်နိုင်ဖို့ ရှိနေပြီး၊ သေချာပေါက် သေဒဏ်ကျခံရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အနီးဆုံးမျက်မြင်သက်သေနေရာမှာရှိနေခဲ့တဲ့ အစောင့်ရဲတပ်သားက ” သူ့ရဲ့ အမှုအသွားအမှုလာကို ကျနော်တိုနဲ့ ပြော လာခဲ့တာပါ … နောက် ခုန်ချဖို့ ဆုံးဖြတ်လိုက်တာနဲ့ တူပါတယ် “လို့ ပြောခဲ့ပါတယ်။ Robert ဟာ Corrine Gump အမည်ရှိ အသက် 10 အရွယ် ကောင်မလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

Robert ဟာ ပြီးခဲ့တဲ့ 2 နှစ်ကျော်က Corrine ရဲ့ မိခင် Lynn Schmidt နဲ့ ချစ်သူဖြစ်ခဲ့ပြီး၊ မယားပါသမီး Corrine ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ကာ နှုတ်ပိတ်တဲ့အနေနဲ့သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် 63 နှစ်အရွယ် William Schmidt နဲ့ 61 နှစ်အရွယ် Judith Schmidt တို့ကို သတ်မှုမှာလည်း တရားခံအဖြစ် တရားရုံးက ယုံကြည်နေလို့ ပြစ်မှုလေးမှုအတွက် သေဒဏ်ကျခံရဖို့ သေချာသလောက် အနေအထား ဖြစ်ပါတယ်။

by နတ်စည်တော် (Shwemom)