skincare, မျက်နှာ, လိုရှင်း, မိတ်ကပ်

နေ့တိုင်း​တော့ ဂရုတစိုက်​ Skincare ​တွေ လိမ်း​နေတာပဲ … ဘာမှသိပ်​မထူးခြားဘူးလို့ ခံစား​နေရတယ်​ဆိုရင်​​တော့ ဒီ​ဆောင်းပါး​လေးကိုသာ ဝင်ဖတ်​ကြည့်​လိုက်​ကြပါ​တော့။

နန္ဒာတို့ တစ်​မျိုးလုံးတစ်​​ဆွေလုံး ရှိသမျှမိန်းက​လေး​တွေထဲမှာ အလှကုန်​ပစ္စည်း​တွေ အများဆုံးဝယ်​တာ၊ သုံးတာ ​ဟော့ဒီက စာ​ရေးသူအီ​ဖေကိုပါ။ Skincare ​တွေ ထွက်​သမျှဝယ်​၊ ညွှန်းသမျှသုံး .. သုံးသ​လောက်​လည်း လှမလာတာ စမီးပါပဲ။ Tony Moly ၊ Masuri ၊ Kracie ၊ Follow Me ၊ Nature Republic ၊ Cathy Doll ၊ Etude House (အကုန်​​ရေးပြ​နေရရင်​ လိုရင်း​ရောက်​မှာ မဟုတ်​​တော့ဘူး) စုံတကာစိ​နေ​အောင်​ သုံးပါတယ်​။ ဒါ​ပေမယ့်​ ထွက်​​နေတဲ့ ဝက်​ခြံ​လေး နည်းနည်းပါးပါးသက်​သာသွားတာကလွဲရင်​ တကယ်​စိတ်​​ကျေနပ်​​လောက်​စရာ result မရခဲ့ပါဘူး။ ဖြစ်​နိုင်​တာက Brand တစ်​မျိုးတည်းကိုပဲ တစ်​လတန်​သည်​ ၊ နှစ်​လတန်​သည်​ စွဲမသုံးတတ်​တဲ့အကျင့်​​ကြောင့်​လည်း ပါမှာပါ။ အင်္ကျီ၊ ဖိနပ်​၊ အိတ်​ .. အာ့​တွေထက်​ Skincare ဝယ်​ရတာကို ပိုကြိုက်​တာမို့ တစ်​လတစ်​လ မုန့်​ဖိုး​လေး​တွေဆိုတာလည်း အာ့​တွေနဲ့ပဲ ပလုံသွားတာများပါတယ်​။ ဘယ်​​လောက်​ထိလဲဆိုရင်​ ဝယ်​ဖူးသမျှ skincare ​တွေရဲ့ ဘူးခွံ​လေး​တွေကို တယုတယသိမ်းထားတတ်​ခဲ့တဲ့အထိပါပဲ။

ပြောချင်​တာက ဒီ​လောက်​ဝယ်​၊ ဒီ​လောက်​လိမ်း​နေပြီး ဘာ​ကြောင့်​ ဒုံရင်းကဒုံရင်းဖြစ်​​နေ​ရတာလဲ​ပေါ့။ ဘာလုပ်​သင့်​လဲ ​သေချာစဉ်းစားပြီး စာ​တွေလည်းဖတ်​၊ လက်​လှမ်းမိသ​လောက်​​လေ့လာကြည့်​ပြီးတဲ့အခါမှာ​တော့ လွဲ​နေတာ​လေး​တွေသွား​တွေ့ပါ​တော့တယ်​ ​ယောင်း တို့​ရေ။

(၁)တွေ့ရာ ဝယ်တတ်တဲ့အကျင့်ပြင်ပါ။

မျက်​လုံးထဲ​တွေ့ရာ ဝယ်​တတ်​တဲ့အကျင့်​ကို စပြင်​ရမှာပါ။ တကယ်​လို​နေတာ Toner .. ဝယ်​ချလာ​တော့ ဘာမဆိုင်​ညာမဆိုင်​ Anti Aging Cream ဆို ငါးပါး​မှောက်​ပါ​ရော။ ပိုက်​ဆံလည်းကုန်​​သေး အသုံးကလည်းမဝင်​ဖြစ်​ပြီ​ပေါ့ (အ​မေ့ကိုပဲဖြစ်​ဖြစ်​ လက်​​ဆောင်​ပြန်​​ပေးလိုက်​ရင်​​တော့ မျက်​နှာ​ကောင်းရနိုင်​ပါ​သေးတယ်​)

(၂) ကိုယ့်အသားအရေ​အမျိုးအစား ကိုယ်​ ​သေ​သေချာချာသိထားဖို့ပါ။

ကိုယ့်အသားအရေအမျိုးအစားကို ခွဲခြားမသိနိုင်​ရင်​ All skin type ဆိုပြီး ညွှန်းထားတဲ့ product မျိုးကို ​ရွေးချယ်​သုံးနိုင်​ပါတယ်​။ အဆီပြန်​သမားအတွက်​ ထုတ်​ထားတဲ့ productမျိုးကို အသားအရည်​​ခြောက်​သူ​တွေသုံးမိတဲ့အခါ ရှိရင်းစွဲထက်​ အ​ရေပြားပို​ခြောက်​​သွေ့နိုင်​ပြီး အခန့်​မသင့်​ရင်​ ယားယံတာ၊ အလွန်​အမင်း​ရေဓာတ်​ခမ်း​ခြောက်​တာ၊ အ​ရေး​ကြောင်း​တွေ​ပေါ်လာတာ​တွေပါ ဖြစ်​နိုင်​ပါတယ်​​နော်​။

(၃) သန့်​စင်​ခြင်ကို ဂရုပြု​ပါ။

အ​ရေးကြီးဆုံးအပိုင်းဆိုလည်း မမှားပါဘူး​နော်​။ ​တော်​​တော်​များများက​တော့ Cleansing လုပ်​တာထက်​ Repairing (ပြုပြင်​ခြင်း) နဲ့ Nourishing (အာဟာရဖြည့်​ခြင်း) လုပ်​ရင်​လုံ​လောက်​ပြီ ထင်​ကြ​ပေမယ့်​ အဓိကဖြစ်​တဲ့ Cleansing (သန့်​စင်​ခြင်း) ကို​တော့ ​မေ့ထားတတ်​ကြပါတယ်​။ ​ချွေး​ပေါက်​​တွေပိတ်​ဆို့ပြီး အဆီ​တွေ ဖုန်​မှုန့်​​တွေရှိ​နေ​သေးတဲ့ မျက်​နှာ​ပေါ် ဘယ်​လို skincare ပဲလိမ်းလိမ်း 30% ​လောက်​ပဲ အကျိုးရှိတယ်​လို့ ဖတ်​ခဲ့ရဖူးပါတယ်​။ သ​ဘော​ပြောရရင်​ ​မြေဆီလွှာမ​ကောင်းတဲ့​မြေ​ပေါ် အပင်​စိုက်မိ​နေသလိုမျိုးပါပဲ။ ​ရေလည်း​လောင်းပါရဲ့ .. ​နေ​ရောင်​လည်း ​ကောင်း​ကောင်းရရဲ့သားနဲ့ အပင်​မဖြစ်​ထွန်းတာဟာ ​အားနည်းတဲ့​မြေဆီလွှာ​ကြောင့်​ဆိုတာ သိရပါမယ်​​နော်​။

ဒီ​တော့ ​မြေဆီလွှာ​ကောင်း​အောင်​ ဘယ်​လိုလုပ်​ယူကြမလဲ?

(၁)ကိုယ်​သုံး​နေကျတံဆိပ်​ထဲက Facial Foam ဒါမှမဟုတ်​ Cleanser ​ကောင်း​ကောင်းတစ်​ခု ​ရွေးချယ်​လိုက်​ပါ။ မဖြစ်​မ​နေ အပြင်​သွားရလို့ makeup လိမ်းရပြီဆိုရင်​ အိမ်​ပြန်​​ရောက်​တာနဲ့ ခဏ​လေးနား၊ ပြီးရင်​ ချက်​ချင်း မျက်​နှာသစ်​ပစ်​လိုက်​ပါ။ ​ချွေး​ပေါက်​​လေး​တွေ သွသူ လွတ်​လွတ်​လပ်​လပ်​ အသက်​ရှူပါ​စေဦး။ မျက်​နှာသစ်​တဲ​နေရာမှာလည်း ပြီးပြီး​ရော ပွတ်​သပ်​ကုတ်​ဖဲ့တာမျိုး လုံးဝမလုပ်​​စေချင်​ပါဘူး။ မလိုအပ်​ဘဲ အ​ရေပြားကို တအားလှုံ့​ဆော်​မိတဲ့အခါ ဝက်​ခြံဖု​တွေနဲ့ အဆီပိုပြန်​လာတဲ့ပြဿနာ​တွေ ဖြစ်​တတ်​ပါတယ်​။ ဒီ​တော့ မျက်​နှာသစ်​ပြီဆိုရင်​ လက်​ထဲ မျက်​နှာသစ်​​ဆေး​လေး ညှစ်​ထည့်​ .. အမြှုပ်​​လေး​တွေထလာ​အောင်​လုပ်​ပြီးမှ မျက်​နှာ​ပေါ်စက်​ဝိုင်းပုံစံ ခပ်​ဖွဖွ​လေးပွတ်​​ပေး။ လက်​​ချောင်း​လေး​တွေရဲ့ အားကိုသုံးပြီး နှိပ်​​ပေးတာမျိုးလည်းလုပ်​​ပေး​နော်​။ အာ့ဆို ​ချွေး​ပေါက်​​လေး​တွေထဲက အညစ်​အ​ကြေး​လေး​တွေ ထွက်​ဖို့ပိုလွယ်​ပြီး ​သွေးလည်​ပတ်​မှုလည်း ပို​ကောင်းလာလိမ့်​မယ်​။

(၂)နောက်​တစ်​ဆင့်​အ​နေနဲ့က​တော့ Toner ကို မဖြစ်​မ​နေသုံး​ပေးဖို့ပါ။ မျက်​နှာသစ်​​ဆေးသုံးပြီးသွား​ပေမယ့်​ ​​ချွေး​ပေါက်​​လေး​တွေထဲမှာ အညစ်​အ​ကြေးနဲ့ အဆီဂလင်း​လေး​တွေထဲမှာ အဆီဖု​လေး​တွေ ကျန်​​နေတတ်​တာမို့ ထပ်​ပြီး care လုပ်​တဲ့အ​နေနဲ့ Toner ကို မျက်​နှာအတွင်းက​နေ အပြင်​ဖက်​ကို ခပ်​ဖွဖွ​လေးပုတ်​လိမ်း​ပေးရမှာပါ။ (အမှန်​​တော့ Toner ကို ဂွမ်းနဲ့ ရွှဲ​နေ​အောင်​တို့ပြီး မျက်​နှာတစ်​ပြင်​လုံးအနှံ့ သုတ်​​ပေးတာ​ပို​ကောင်းတယ်​ဆို​ပေမယ့်​ နန္ဒာက​တော့ လက်​​ချောင်း​လေး​တွေသုံးပြီး ပုတ်​လိမ်း​ပေးရတာကို ပိုအားရလို့ပါ။)

(၃)နောက်ဆုံးအဆင့်​အ​နေနဲ့က​တော့ Exfoliating (​ချေးချွတ်​ခြင်း) မှန်​မှန်​လုပ်​​ပေးဖို့ပါပဲ။ ဆဲလ်​​သေ​လေး​တွေ မျက်​နှာ​ပေါ်မှာ တဖြည်​ဖြည်းစုပုံလာတဲ့အခါ ​လူငယ်​ပေါင်​ချိန်​​၊ လူကြီး​ပေါင်​ချိန်​လေး​တွေဖြစ်​လာနိုင်​တာ​ကြောင့်​ တစ်​ပတ်​ကိုနှစ်​ကြိမ်​​လောက်​ ​ချေးချွတ်​တာမျိုး လုပ်​​ပေးသင့်​ပါတယ်​။ Chemical နဲ့လုပ်​ထားတဲ့ပစ္စည်း​တွေ မသုံးချင်​ရင်​ ပျားရည်​စစ်​စစ်​နဲ့ သကြားကြမ်း​ရောထားတာကို သံပရာ​ရည်​​လေးနည်းနည်းညှစ်​ချပြီး မျက်​နှာ​ပေါ်မှာ 10 min ​လောက်​ထား​ပေးရင်​လည်း ရပါတယ်​။ အသား​ခြောက်​တတ်​တယ်​ဆိုရင်​​တော့ အုန်းဆီတို့ သံလွင်​ဆီတို့ အစားထိုးသုံး​ပေးလို့ရပါတယ်​လို့။ ​နောက်​ပြီး Exfoliate လုပ်​ပြီးသွားရင်​ အ​ရေပြားက သန့်​ရှင်းသွားပြီး ​ချွေး​ပေါက်​​လေး​တွေလည်း သန့်​စင်​​နေတဲ့အချိန်​မို့ လိမ်းလိုက်​သမျှ အာဟာရဓာတ်​​တွေနဲ့ ​ရေဓတာ်​​တွေအလွယ်​တကူစိမ့်​ဝင်​သွားပြီး Mask သုံး​ပေးရင်​ mask ရဲ့ အာနိသင်​ကို နှစ်​ဆပိုအစွမ်းထက်​​စေပါတယ်​။

ကဲ ကဲ ကဲ .. မိတ်​ကပ်​​တွေ လိမ်းတုန်းကလိမ်းတတ်​တယ်​ .. ဖျက်​ရမှာ​တော့ ပျင်းတယ်​ဆိုတဲ့ခလိန်းတို့ .. ကြိုတင်​ကာကွယ်​ခြင်းက ကုသခြင်းထက်​ ​ပိုကောင်းပါတယ်​​နော်​။ မိတ်​ကပ်​​တွေ ​ပြောင်​စင်​​အောင်​ဖျက်​ပြီး ​သေချာသန့်​စင်​ပြီးမှ အိပ်​ရာဝင်​ကြပါလို့။ ​သြော်​ .. ပြီး​တော့ Toner သုံးဖြစ်​​အောင်​သုံးဖို့လည်း မ​မေ့ကြနဲ့ဦး​​နော်​။

အချိန်​တိုအတွင်း ဝင်းမွတ်​​တောက်​ပပြီး ကြည်​လင်​ရှင်းသန့်​တဲ့ ပြစ်​မျိုးမှဲ့မထင်​ မျက်​နှာ​လေး​တွေ ပိုင်​ဆိုင်​နိုင်​ကြပါ​စေ ​ယောင်း​ယောင်းတို့​ရေ။

Nandar(For Her Myanmar)