ရှူးပေါက်ခြင်း, အပေါ့သွားခြင်း

လူတော်တော်များများကတော့ ရေချိုးခန်း တဲ့ဝင်တဲ့အချိန်၊ ရေချိုးတဲ့အချိန်တွေမှာ ရှူးရှူးပေါက်ချလေ့ရှိကြတယ်ဆိုတာ လိမ် ပြောလို့မရပါဘူး။ အနည်းဆုံးတော့ ရေချိုးနေစဉ်အတွင်းတစ် ကြိမ်တော့ ရှူးပေါက်ချလေ့ရှိပါတယ်။ ဒီလိုမျိုး ရေချိုးနေစဉ်အတွင်း ဆီးသွားခြင်းကနေ မယုံကြည်နိုင်လောက်တဲ့ အံ့သြစရာ အကျိုး တွေအကြောင်းကို ဘယ်ဆရာဝန်ကမှ မပြောပြကြပါဘူး။ ဒါပေမဲ့ ရေချိုး ခန်းထဲ ရှူးပေါက်ချခြင်း ကနေ ကျွန်ုပ်တို့တွေအတွက် ထူးခြား တဲ့ ကောင်းကျိုးတွေကတော့ အမှန်တကယ်ရှိနေပါတယ်….

၁။ ရေချိုးခန်း ထဲ ရှူးပေါက်ချခြင်း က သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာ ကြီးကို ထိန်းသိမ်းရာရောက်တယ်လို့ အမေရိကန် ပတ်ဝန်းကျင်ဆိုင် ရာ ထိန်းသိမ်းရေးအဖွဲ့အစည်းက ဆိုထားပါတယ်။ အဓိကကတော့ ရေအရင်းမြစ်ကို ထိန်းသိမ်းတာရောက်တာပါပဲ။ ရေချိုးရင်း ဆီးသွား တာမဟုတ်ပဲ အိမ်သာ၊ သန့်စင်ခန်းမှာ သီးခြားဆီးသွားတာမျိုးအ တွက် ရေပမာဏကုန်ကျမယ့်အစား ရေချိုးလိုက်ချိန်မှာ တစ်ခါ တည်းသုံးစွဲမယ့် ရေက ၂၇ ရာခိုင်နှုန်းချွေတာ အသုံးပြုပြီးသား ဖြစ်သွားတာမို့လို့ပါပဲ။

၂။ မိမိရဲ့ဆီးတွေက ခြေလက်နဲ့ကိုယ်တွင်းတွေမှာ ပေါက်နေတဲ့အ နာတွေကို ပိုးသတ်ပေး စေနိုင်ပါသတဲ့။ ကုတ်ခြစ်ရာလေးတွေ၊ ပိုးကောင်ကိုက်ထားတဲ့ အနာလေးတွေရဲ့ ပိုး၊ ဘက်တီးရီးယား တွေ ကို ဆီး၊ ကျင်ရည်ငယ်ကနေ ပိုးသတ်ပေးနိုင်ပါတယ်။ အကယ်၍ အနာကြီးကြီးမားမားဆိုရင်တော့လည်း ဆေးကုသမှုနဲ့ ဆရာဝန် သွားရောက်ပြသသင့်လျှင် ပြုလုပ်သင့်ပါတယ်။

၃။ သင့်ရဲ့အရေပြားကျန်းမာရေး ကောင်းမွန်မှုအတွက် အထောက် အပံ့ပေးနိုင်ပါတယ်။ အကယ်၍ သင့်ဆီမှာ နှင်းခူကဲ့သို့ အရေပြား ရောဂါရှိနေခဲ့မယ်ဆိုရင်တော့ ဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းမှုကတော့ ဆီး၊ ကျင်ငယ်ရည်တွေပါပဲ။ ဆီးထဲမှာပါဝင်တဲ့ သ ဘာဓာတ်တွေက အလှဆီ၊ အသားရေ ကျန်းမာရေး ခရင်မ်တွေမှာ အသုံးပြုတဲ့ သဘာဝဓာတ်တွေအတိုင်းပါဝင်နေတာဖြစ်ပါတယ်။ အဲ့ ဒီ ပစ္စည်းတွေက သင့်အသားရေရဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးပြီး အသားရေခြောက်သွေ့တာတွေ၊ ထိခိုက်လွယ်တဲ့အသားအရေတွေ အတွက်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

၎။ မှိုနဲ့ မှိုကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ ခြေထောက်တွေ၊ ခြေချောင်းတွေမှာ ဖြစ်ပေါ်တဲ့ မှို နဲ့ မှို ကြောင့် ဖြစ်ပေါ်လာတဲ့ အနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆီး၊ ကျင်ငယ်ရည်ကို အဆိုပါမှိုဆွဲ၊ အနာဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ ပုံမှန်သိုတ်လိမ်းပေးရုံနဲ့ သိသာတဲ့ရလာဒ်နဲ့ ပျောက်ကင်းလာမှုကို မျက်မြင်တွေ့နိုင်ပါတယ်။

Credit: ဖိုးသူတော်